တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၀ ပြည့်နှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၀ ပြည့်နှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၄
    
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၀ ပြည့်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ ကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော် များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာသနဝေပုလ’ကျောင်း တိုက် ဆရာတော် မဟာဓမ္မစရိယ ဘဒ္ဒန္တဝိဇယျထံမှ အနုမောဒနာတရားနာကြားကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။