နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာရရှိရေး ရန်ပုံငွေကျပ် သန်း ၂၅ဝ ကျော်ဖြင့် ဆောင်ရွက်မည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် နွေရာသီကာလသောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာများတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ကျပ်သန်း ၂၅ဝ ကျော်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦး ထံမှသိရသည်။

ကျေးလက်ဒေသများ သောက်သုံးရေ ရရှိရေးအတွက် အဝီစိတွင်းတိမ်လုပ်ငန်း၊ အဝီစိတွင်းနက် လုပ်ငန်း၊ လက်တူးတွင်း လုပ်ငန်း၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း၊ အခြားရေရရှိရေး လုပ်ငန်းများ စသည့် ရပ်ရွာဒေသအပေါ် အခြေခံကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ် တို့တွင် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် နွေရာသီကာလ သောက်သုံးရေ ခက်ခဲရှားပါးနေသည့် ကျေးရွာများတွင် သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်မှာ ပြည်ထောင်စုမူလ ခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးမြို့နယ်၌ အဝီစိတွင်းနက် တစ်တွင်းကို ရန်ပုံငွေကျပ် ၂၂ ဒသမ ၄ သန်းဖြင့် လည်းကောင်း၊ စလင်းမြို့နယ်၌ အဝီစိတွင်းနက် လေးတွင်းကို ရန်ပုံငွေကျပ် ၉၇ ဒသမ ၈ သန်းဖြင့် လည်းကောင်း၊ ငဖဲမြို့နယ်၌ ရေရရှိရေး

အခြားလုပ်ငန်း နှစ်ခုကို ရန်ပုံငွေကျပ် ၁၇ ဒသမ ၅ သန်းဖြင့် လည်းကောင်း၊ စေတုတ္တရာမြို့နယ်၌ စိမ့်စမ်းတွင်းနှစ်တွင်းကို ရန်ပုံငွေကျပ် ၅၁ သန်းနှင့် အခြားရေရရှိရေး လုပ်ငန်းနှစ်ခုအတွက် ရန်ပုံငွေကျပ် ၁၉ ဒသမ ၈ သန်းဖြင့် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်လွင်ဦး ကပြောသည်။

ထို့နောက် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် စေတုတ္တရာမြို့နယ် အတွင်း ပြည်ထောင်စုမွမ်းမံရန်ပုံငွေကျပ် ၁၃ ဒသမ ၃ သန်းဖြင့် ရေရရှိရေး အခြားလုပ်ငန်း တစ်ခုနှင UNICEF ရန်ပုံငွေ ကျပ် ၈ ဒသမ ၈၁ သန်းဖြင့် စိမ့်စမ်းတွင်းတစ်တွင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ငဖဲမြို့နယ်၌ ရေရရှိရေး အခြားလုပ်ငန်းတစ်ခုကို ရန်ပုံငွေကျပ် ၈ ဒသမ ၄ သန်း၊ စေတုတ္တရာမြို့နယ်၌ ရေရရှိရေး အခြားလုပ်ငန်း နှစ်ခုအား ရန်ပုံငွေကျပ် ၁၁ ဒသမ ၅သန်းတို့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် မင်းဘူးခရိုင် အတွင်း မင်းဘူးမြို့နယ်၌ ရေရရှိရေးလုပ်ငန်းငါးခုအတွက် ရန်ပုံငွေကျပ် ၇၇ ဒသမ ၇၃၇ သန်း၊ ပွင့်ဖြူမြို့နယ်၌ ရေရရှိရေး လုပ်ငန်းတစ်ခု အတွက် ရန်ပုံငွေကျပ် ၂ဝ ဒသမ ၈ဝဝ သန်း၊ စလင်းမြို့နယ်၌ ရေရရှိရေး လုပ်ငန်းခြောက်ခု အတွက် ရန်ပုံငွေကျပ် ၁၂၆ သန်း၊ ငဖဲမြို့နယ်၌ ရေရရှိရေးလုပ်ငန်း ငါးခုအတွက် ရန်ပုံငွေကျပ် ၁ဝ၈ ဒသမ ၈ဝ၅ သန်း၊ စေတုတ္တရာမြို့နယ်၌ ရေရရှိရေးလုပ်ငန်း လေးခုအတွက် ရန်ပုံငွေကျပ် သန်း ၆ဝ တို့ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။