ပြည်ပအားကိုးချင်စိတ်တွေမြိုသိပ်လိုက်ပါတော့

မြန်မာနိုင်ငံအတွက် ဒီမိုကရေစီဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အာဏာရရှိရေးနှင့် သူ့ကိုတာဝန်ခံမည့် အုပ်ချုပ်ရေးယန္တရားရှိခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ အာဏာမှန်သမျှကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦး တည်း လက်တွင်ထားရှိခြင်းဖြင့် ဒီမိုကရေစီကိုသင်းသတ်လိုက်နိုင်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။ သူသည် ကျွန်တော်တို့အနောက်နိုင်ငံများမျှော်လင့်ထားသလို ဒီမိုကရေစီလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခြင်းမရှိ။ အဆိုးဆုံးမှာ ဒီမိုကရေစီလှုပ်ရှားမှုအတွင်း သူ့နေရာတွင် ဆက်လက်လုပ်ဆောင်မည့်သူကိုပင် ကိုယ်တိုင်ပြုစု ပျိုးထောင်ပေးနိုင်ခဲ့ခြင်းမရှိ  အတ္တကြီးစွာချုပ်ကိုင်ထားခဲ့သည်။ ဤသည်မှာ အမေရိကန်ဝါရှင်တန် အခြေစိုက် The Washington Post တွင် ၁၂-၂-၂၀၂၁ ရက်နေ့က ရေးသားထားသည်ကို ကောက်နုတ် ဖော်ပြခြင်း ဖြစ်သည်။

ထို့ပြင် CRPH နှင့်ပတ်သက်၍ ၎င်းတို့၏ တရားဝင်သဘောထားကိုလည်း အဆိုပါစာစောင်တွင် ရေးသားထား သည်မှာ “အာဏာထိန်းပြီး ရက်အနည်းငယ်အကြာတွင် NLD ပါတီသည် ကော်မတီတစ်ခုကိုဖွဲ့စည်းခဲ့သည်။ ၎င်းတို့သည် ပြည်သူများ၏ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း အရှက်မဲ့စွာကြေညာခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြုရန် တောင်းဆိုခဲ့သေးသည်။ ကျွန်ုပ်တို့အမေရိကန်နှင့် အခြားအစိုးရများအနေဖြင့် စစ်ဘက်က အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့သော်လည်း NLD ပါတီမှအမတ်များ၏ ကော်မတီအားအသိအမှတ်ပြုခြင်း၊ အားပေးခြင်းလုံးဝ(လုံးဝ)မရှိပါ” ဟူ၍ဖြစ်သည်။

NLD ပါတီမှအမတ်ဟောင်းတို့အနေဖြင့်လည်း ၎င်းတို့၏လုပ်ရပ်များ လုံးဝအောင်မြင်မည်မဟုတ်မှန်း သိထား ပြီးဖြစ်သည်။ အထူးသဖြင့် တပ်မတော်အကြောင်းကိုလည်း သူများထက်ပိုမိုသိထားပြီးဖြစ်သည်။ တပ်မတော် ပြိုကွဲရေး၊ ပျက်စီးရေး၊ အင်အားလျော့နည်းရေးအတွက် ၎င်းတို့အာဏာရခဲ့သည့် ငါးနှစ်တာအတွင်း ပြင်းပြင်း ထန်ထန်တိုက်ကွက်ဖော် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ပြည်ပအကြမ်းဖက်အုပ်စုက မိမိတို့ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများကို လူမျိုးတုံးဝင်ရောက်သတ်ဖြတ်သည်။ လုံခြုံရေးစခန်းများကို အကြမ်းဖက်တိုက်ခိုက်သည်။

အမှန်အတိုင်းဆိုလျှင် ဤလုပ်ရပ်သည် ပြည်ပကျူးကျော်မှုစစ်စစ်ဖြစ်သည်။တပ်မတော်က အမိနိုင်ငံအတွက် ပြန်လည်တိုက်စစ်ဆင်သည်။ တပ်မတော်၏ လုပ်ရပ်သည် မိမိနိုင်ငံသားများအတွက် တရားသော စစ်ဆင် နွှဲခြင်းဖြစ်သည်။ ထိုလုပ်ရပ်ကို NLD ပါတီအစိုးရက အကွက်ကောင်းစောင့်ကာ နောက်ဆုံးတွင် ICJ က တရားစွဲခြင်းခံရသည်အထိ တပ်မတော်ကိုထိုးကျွေးခဲ့သည်။ ဤအကြောင်းများမှာ ရေးသား၍မကုန်နိုင်သော ဖြစ်ရပ်များဖြစ်သည်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတစ်လျှောက်တွင်လည်း တပ်မတော်က တင်သွင်း သည့် အဆိုမှန်သမျှ မဲခွဲဆုံးဖြတ်ခြင်းဖြင့် အရာမထင်ဖြစ်ခဲ့ရသည်။ တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးအတွက် မည်သို့ပင် အဆိုတင်တင် အပယ်ခံရသည်။

ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်လာပြီး အစိုးရများ ဖြစ်ပေါ်လာခြင်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုဥပဒေကို လေးစားလိုက်နာပါမည်ဟူ၍ ကျမ်းသစ္စာ ကျိန်ဆိုထားကြသူများဖြစ်သည်။ ဥပဒေတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို  ပုဒ်မ ၂၀၁ တွင် ထင်ရှားစွာပြဋ္ဌာန်းထားသည်။ ပုဒ်မ ၂၁၃(က)တွင် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်း ခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလိုဆောင်ရွက်ပိုင်ခွင့်ရှိသည်...ဟူ၍ ပြဋ္ဌာန်းထားရှိသည်။ ငါးနှစ် သက်တမ်း အတွင်း ထိုအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို တစ်ကြိမ်တစ်ခါမျှပင် ခေါ်ယူခဲ့ ခြင်းမရှိပေ။ ဤမျှမကတပ်မတော်ပျက်စီးရေးကိုဦးတည်ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်သည် ကျစ်လျစ် ခိုင်မာမြဲရှိနေသည်။

မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူတစ်ဦးကလည်း “NLD အစိုးရ ငါးနှစ်ကာလအတွင်းမှာ အနောက် အုပ်စု၊ OIC အစ္စလမ်နိုင်ငံများအုပ်စု၊ ပြည်ဖျက်သူဌေး ဂျော့ဆိုးရော့တို့ရဲ့ အထောက်အပံ့ခံ နိုင်ငံခြား သူလျှို များ၊ ပြည်တွင်းသစ္စာဖောက်များ ခြေချင်းလိမ်ခြေရှုပ်ပြီး အင်အားကောင်းစွာကြီးထွားခဲ့ကြောင်း၊ ပြည်တွင်းက ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း မင်းကိုနိုင်၊ မြအေးတို့သည်ပင် ထောက်ပံ့ငွေ ဒေါ်လာသန်း ၂၀ စီ လောက်ရထားကြောင်း၊ ထိပ်သီးရုပ်ရှင်သရုပ်ဆောင်တစ်ဦးမှာ ဒေါ်လာသန်းချီရထားကြောင်း၊ ပြည်တွင်းက ၎င်းတို့ အကျိုးသယ်ပိုးမည့်သူများထံမှာ ဒေါ်လာငွေသားဘီလီယံများစွာ ဖြန့်ခွဲပို့ထားပြီးဖြစ်ကြောင်း၊ ထိုဒေါ် လာငွေများမှာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် မဟုတ်သလို NLD ပါတီအာဏာတည်မြဲရေး၊ တိုင်းပြည် တည်ငြိမ်ရေး အတွက်လည်းမဟုတ်ကြောင်း၊ သူတို့အမြင်ချင်ဆုံးရည်မှန်းချက်က တရုတ်ကိုဖြိုဖို့အတွက် မြန်မာနိုင်ငံကို ဆယ်ပိုင်းလောက်ပြိုကွဲပြီး နိုင်ငံတကာတပ်တွေဝင် စစ်ပွဲတွေဖြစ်၊ စစ်တလင်းပြင်ကြီး ဖြစ်စေ ချင်တာသာဖြစ်ကြောင်း” ထောက်ပြပြောဆိုထားသည်။ အနှစ်ချုပ်ဆိုရလျှင် ပြည်ပအားကိုးချင်စိတ်တွေ မြိုသိပ်လိုက်ပါတော့ဟူ၍ တိုက်တွန်းရေးသားလိုက်ရပေသည်။  ။