ယနေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ  ၆၁၉ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၉

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ  ၆၁၉ ဦးနှင့် သေဆုံးသူ ၁၉ ဦးရှိကြောင်း သိရသည်။

(၂၈-၁၂-၂ဝ၂ဝ)ရက်  ဓာတ်ခွဲ စစ်ဆေးမှုများတွင်  တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၆၄၈ ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှု အခြေ အနေကို ယနေ့ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၈-၁၂-၂ဝ၂ဝ)ရက်   ည ၈ နာရီမှ (၂၉-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈ဝ၉၈  ခုအား  စစ်ဆေးပြီးစီးခဲ့ရာ   COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၆၁၉ ဦးတွေ့ရှိရ ကြောင်း   ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။