SJ WorldNews - шаблон joomla Авто

ဒက္ခိဏသီရိမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်း

Friday, 24 May 2019 17:37 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နေပြည်တော်  ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ကြီးမှူး၍ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းအုပ်စု ကျောက်ခဲအင်းကျေးရွာ၌ ဆယ်မာအူးလ်အွန်ဒုံနှင့်   ပေးဆပ်မည့်လက်များ ပရဟိတအသင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၃ ရက် နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ    ဆယ်မာအူးလ်အွန်ဒုံ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သင်တန်းသူများက ကရုဏာရှင် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နေပြည်တော်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်၊ နေပြည်တော်ကြက်ခြေနီတပ်ဖွဲ့ တိုင်းတပ်ဖွဲ့မှူး ဦးတင်ဝေ၊ ဒက္ခိဏသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးလှဝင်းတို့က အသီးသီး အမှာစကားပြောကြားသည်။

ယင်းနောက် နေပြည်တော်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသား နှစ်ဦးက လက်ခံရယူပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော သင်တန်းသူများအား ပေးဆပ်မည့်လက်များ ပရဟိတအသင်း ဥက္ကဋ္ဌ ဦးကျော်သက်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်သည်။

ထို့နောက် ကျောက်ခဲအင်းကျေးရွာ ဆယ်မာအူးလ်အွန်ဒုံ ဥက္ကဋ္ဌ ဦးဇော်မျိုးက ပရဟိတလုပ်ငန်းများ အကြောင်း ရှင်းလင်းပြောကြားပြီး  သင်တန်းသား၊  သင်တန်းသူများကဦးခေါင်းပတ်တီးစည်းနည်း၊ မျက်စိတစ်ဖက်ပိတ် ပတ်တီး စည်းနည်း၊ လက်သိုင်းကွင်းကြီး ပတ်တီးစည်းနည်း စသည်တို့အား သရုပ်ပြ လေ့ကျင့်ကြသည်။

အခမ်းအနားသို့ နေပြည်တော်ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်အောင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။ 

Read 206 times Last modified on Friday, 24 May 2019 17:38