SJ WorldNews - шаблон joomla Авто

ကျေးလက်ကျန်းမာရေး ဌာနခွဲ စံကိုက်ဆေးခန်းဖွင့်

Thursday, 16 January 2020 09:05 font size decrease font size decrease font size increase font size increase font size

ရွှေကူ   ဇန်န၀ါရီ   ၁၅

ကချင်ပြည်နယ်  ရွှေကူမြို့နယ်  တောပုန်းကျေးရွာအုပ်စု ဆိပ်သာကျေးလက် ကျန်းမာရေးဌာန တုန်းပုံကျေးလက် ကျန်းမာရေး ဌာနခွဲတွင် စံကိုက်ဆေးခန်း   ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇန်န၀ါရီ ၁၄ ရက် နံနက်ပိုင်းက အဆိုပါ ဆေးခန်း၌ ကျင်းပသည်။

ရှေးဦးစွာ ဆေးခန်းဆိုင်းဘုတ်ကို  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန   မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုင်းထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးတို့က စံကိုက်ဆေးခန်း ဆောက်လုပ်ရခြင်းနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဆေးခန်းကို တာဝန်ယူ ဆောက်လုပ်ခဲ့သည့်    လွင်ပြေဟိန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အအုံနှင့် ပတ်သက်သည့်    စာရွက်စာတမ်းများကိုဒေါက်တာစိုင်းထွန်းထံ    လွှဲပြောင်းပေး အပ်ပြီး အလှူရှင် များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။အဆိုပါ အဆောက်အအုံအား ပြည်ထောင်စု အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  အလျားပေ  ၃၀၊  အနံ ၃၅ ပေ၊ အမြင့် ၁၂ ပေရှိ  စံကိုက်အဆောက်အအုံတစ်လုံးနှင့်ဝန်ထမ်းအိမ်ရာတို့ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read 139 times Last modified on Thursday, 16 January 2020 09:07