SJ WorldNews - шаблон joomla Авто

ကမ္ဘာ့လက်ဆေးပွဲတော်နေ့ အခမ်းအနား ကျင်းပ

Monday, 23 October 2017 11:08 font size decrease font size decrease font size increase font size increase font size

ကျိုင်းတုံ အောက်တိုဘာ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့  အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သံလွင်ခန်းမဆောင်၌   ယမန်နေ့  နံနက် ၉ နာရီက ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နှင့်   ပြည်နယ်ကျန်းမာရေး ဦးစီးဌာနအဖွဲ့တို့ ပူးပေါင်းပြီး     ကမ္ဘာ့လက်ဆေး ပွဲတော်နေ့ ( Global Handwas hing Day)အခမ်းအနား ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘာ့လက်ဆေးပွဲတော်နေ့ အခမ်းအနားဆိုင်ရာ အချက်အလက်များကို မြို့နယ်ကျန်းမာရေးမှူး    ဒေါက်တာသက်မြင့်က ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ GIZ မှ ရှမ်းပြည်နယ် အစားအစာနှင့် စားသုံးကုန်တာဝန်ခံ တစ်ဦးက ကမ္ဘာ့လက်ဆေးပွဲတော် ကျင်းပရခြင်းအကြောင်း   ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက လက်ဆေးခြင်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသသည်။

အခမ်းအနားသို့  ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲနိုင်၊   မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာသက်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ GIZ မှအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။               

Read 407 times Last modified on Monday, 23 October 2017 11:09