ဝမ်းရေးထက်ပင် ခက်ပါသည်
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
မခင်မှီ၏ ကိုယ်ဝန်မှာ ယခုအခါ နေစေ့လစေ့ ရင့်မာနေပြီ။ ကိုထွန်းငြိမ်း၏ ဦးလေး၊ အဒေါ်တို့အိမ်တွင် နေ၍မသင့်ဟု အမေက လာခေါ်သည်။ အားကိုးအားထားရာ လင်သားလည်းမရှိသော အိမ်တစ်အိမ်တွင် နေသည်နှင့်စာသော် အမေအရင်းရှိသော အိမ်မှာ ပြောင်းရွှေ့နေထိုင်သည်က ပို၍သင့်လျော်သည်၊ ပို၍ စိတ်ချမ်းသာလိမ့်မည် အထင်နှင့် အမေ့အိမ်လိုက်လာကာမှ ဦးလေးစကားကြောင့် အိမ်ကိုရောက်ရောက်ချင်း စိတ်ညစ်ရသည်။ ငိုရသည်။