COVID-19 ပိုးတွေ့လူနာ ၇၆ ဦးထပ်တိုး ပိုးတွေ့ရှိမှုစံချိန်တင်မြင့်တက်၊ ပိုးတွေ့ရှိသူများတွင် နှစ်လသားအရွယ် မိန်းကလေးငယ် တစ်ဦးပါဝင်

နေပြည်တော်   သြဂုတ်  ၂၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ မွန်းလွဲ ၂ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၇၆  ဦးထပ်တိုးလာသဖြင့် ရောဂါပိုးစတင်တွေ့ရှိသည့်အချိန်မှစ၍ ယနေ့တွေ့ရှိမှုသည် စံချိန်တင် တွေ့ရှိမှုဖြစ်ပြီး စုစုပေါင်း ပိုးတွေ့လူနာ  ၅၈ဝ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂၅-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)( NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၁၈ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ  ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁ဝ၇ ခု စုစုပေါင်း ၈၂၅ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၇ဝ ဦး တွေ့ရှိရပြီး လူနာအမှတ် ၅၁၈ မှာ နှစ်လသားအရွယ် မိန်းကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

(၂၅-၈-၂ဝ၂ဝ)ရက်အတွက်  COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL) မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၃၇၃ ခု၊ ဆေးသုတေသန ဦးစီးဌာန(DMR)) မှ ဓာတ်ခွဲနမူနာ ၂၃၇ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၁၅၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ   ဓာတ်ခွဲနမူနာ ၇၅ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၂ဝ၄ ခု စုစုပေါင်း ၂၃ဝဝ ခုအား  စစ်ဆေးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် စုစုပေါင်း ၁ဝဝ ဦး တွေ့ရှိရသည်။(ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ဝ ဦး တွေ့ရှိကြောင်းအား ၂၅-၈-၂ဝ၂ဝ ရက် ည ၈ နာရီခွဲသတင်းတွင် ဖော်ပြပြီး ဖြစ်သည်။)

(၂၆-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)( NHL) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၄၃၉ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၃၁၈ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၇၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၂၇ဝ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၂၃ ခု၊ ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၄၂ ခု စုစုပေါင်း ၁၂၆၅ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်ခြောက်ဦး တွေ့ရှိရသည်။

(၂၆-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ   မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၈ဝ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာဟောင်း (Old Confirmed Case)များ၏  ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ လေးဦး(Case-214,333,365,366)ရှိသဖြင့်  စုစုပေါင်း ၃၄၅ ဦးရှိသည်။ ၎င်းတို့အနက် ၃၃၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက်  သေဆုံးသူ ခြောက်ဦးရှိသည်။ (၂၅-၈-၂ဝ၂ဝ)ရက်  မွန်းတည့်  ၁၂ နာရီမှ(၂၆-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၄၇ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။