အလွန့်အလွန် အားပြင်းသော လော်ရာဟာရီကိန်းမုန်တိုင်း အမေရိကန် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်

အလွန့်အလွန်အားပြင်းသော လော်ရာဟာရီကိန်းမုန်တိုင်းသည် သြဂုတ် ၂၇ ရက်တွင် အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီဆီ ယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ကြောင်းနှင့်   ကမ်းရိုးတန်းရှိ   ဒေသခံထောင်ပေါင်းများစွာကို   ဘေးကင်းရာသို့ ပြောင်းရွှေ့ရန်နှင့် ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားကြောင်း အမျိုးသားဟာရီကိန်းဌာနက ပြောသည်။

အဆိုပါ ဟာရီကိန်းမုန်တိုင်းသည် အဆင့်သတ်မှတ်ချက် (၄) ရှိကာ လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၄၀ နှင့် လူဝီဆီယားနားပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း  ဟာရီကိန်းဌာန၏  ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ထိုမုန်တိုင်းသည် ဒေသစံတော်ချိန်နံနက် ၁  နာရီဝန်းကျင်တွင်  ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီဖြစ်ကြောင်း ဟာရီကိန်းဌာနက ထုတ်ပြန်ပြီး နောက်မကြာမီ လိတ်ချားကမ်းရိုးတန်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း  ရုပ်မြင်သံကြားသတင်းဌာနများက ထုတ်ပြန်ထားသည်။

Ref: CNA