COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် UNICEF က ထောက်ပံ့ကူညီသည့် ဆေးပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင် လေယာဉ်ရောက်ရှိ

ရန်ကုန်   သြဂုတ်  ၂၈

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) အနေဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက်       အမေရိကန်ဒေါ်လာ၂ ဒသမ ၈ သန်းခန့်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ကူညီပေးလျက်ရှိရာ ယင်းအစီအစဉ်၏  အစိတ်အပိုင်း တစ်ရပ်အနေဖြင့် စတုတ္ထအကြိမ်မြောက် အထူးကုန်တင်လေယာဉ်သည်  တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံများ အပါအဝင် ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ တင်ဆောင်လျက် ယနေ့နံနက်ပိုင်းတွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ကူညီမှု အစီအစဉ်အရ ခရီးစဉ် အားလုံးတွင်ပါရှိခဲ့သော ပစ္စည်းများကို UNICEF  မှတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။