ပြည်မြို့နယ်နှင့် ပန်းတောင်း မြို့နယ်တို့ရှိ ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး သြဂုတ် ၂၉ ရက်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြည်မြို့၊ ပြည်သာယာရပ်ကွက်မှ ရေဘေးသင့် အိမ်ထောင်စု ၃၃ စု၊ လူဦးရေ ၁၅၄ ဦး၊ ပန်းတောင်း မြို့နယ်၊ သရက်လိန်ကျေးရွာအုပ်စု၊ သရဲစီးကျေးရွာမှ အိမ်ထောင်စု ၂၄ စု၊ လူဦးရေ ၈၀ ဦး တို့သည် ရေဘေးကင်းလွတ်သည့် နီးစပ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွှေ့နေထိုင် လျက်ရှိသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ ပြည်တပ်နယ်နှင့် ပန်းတောင်း တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။