ပန်းတောင်းမြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ကူညီရွှေ့ပြောင်းပေး၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်၊  စက်တင်ဘာ - ၂

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း စက်တင်ဘာ ၁ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပန်းတောင်းမြို့၊ ခတ္တိယရပ်ကွက်မှ ရေဘေးသင့် အိမ်ထောင်စု ၄ စု၊ လူဦးရေ ၂၄ ဦးနှင့် တောင်(၂)ရပ်ကွက်မှ အိမ်ထောင်စု ၃ စု၊ လူဦးရေ ၁၁ ဦး တို့ကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက တပ်မတော်မှ မော်တော်ယာဉ် များဖြင့် ရေဘေး ကင်းလွတ်သည့် နီးစပ်ရာဆွေမျိုးများထံသို့ ကူညီရွှေ့ပြောင်းပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။