ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ် 

ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ် 

နေပြည်တော်၊ စက်တင်ဘာ - ၉
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကျောက်ကြီးတပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်း အတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂ များနေရာချထားပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။