ညောင်လေးပင်-တောင်ငူလမ်းပိုင်းတွင်အသုံးပြုမည့်ရထားသံလမ်းများရောက်ရှိ

ရထားစီးခရီးသွားပြည်သူများ သွားလာမှု ပိုမိုအဆင်ပြေစေရန် ရန်ကုန်-မန္တလေးလမ်း အဆင့် မြှင့်တင်ရေးစီမံကိန်းအား မြန်မာ့မီးရထားမှ ဂျပန်နိုင်ငံ JICA ၏ ODA (Official Development Assistance) ဖြင့် ဆောင်ရွက်လျက်ရှိရာ ညောင်လေးပင်-တောင်ငူလမ်းပိုင်း တွင် အသုံးပြုမည့် ရထားသံလမ်းများ တင်ဆောင်လာသည့် MV.KOBARID VEAL4    ပင်လယ်ကူး သင်္ဘောသည် ယနေ့နံနက် ၁၁ နာရီတွင် ဆူးလေဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ ကြောင်း မြန်မာ့မီးရထားမှသိရသည်။

အဆိုပါ ညောင်လေးပင်-တောင်ငူလမ်းပိုင်း၌ အသုံးပြုမည့် ရထားသံလမ်းများအား တင်ဆောင်လာသော ပင်လယ်ကူးသင်္ဘောသည် အရှည် ၈၂ ပေရှိ သံလမ်းတန်ချိန် ၂၉၉၅ ဒသမ ၂၇၀ တန်အားတင်ဆောင်ကာ ဆူးလေဆိပ်ကမ်းသို့ ခုနစ်စင်းမြောက် ဆိုက်ကပ် ရောက်ရှိခဲ့သည့် ပင်လယ်ကူးသင်္ဘောဖြစ်သည်။ ရထားသံလမ်းများအား ရထားတွဲဆိုင်းများ အသုံးပြု၍ မြန်မာ့မီးရထားမှ ဝန်ထမ်းများဖြင့် ယနေ့မွန်းလွဲ၂ နာရီတွင်ချယူခဲ့ရာ ပထမ တွဲဆိုင်းအား ရွာသာကြီးကုန်းတွင်းဆိပ်သို့ ယနေ့ညနေ ၄ နာရီခွဲဝန်းကျင်တွင် သယ်ယူ ပို့ဆောင်နိုင်ခဲ့ကြောင်း  သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံ မှုများပြားခြင်းကြောင့် ရထားလမ်းပိုင်းအား စီမံကိန်း အဆင့်(၁)နှင့် အဆင့်(၂)ခွဲ ဟူ၍ ခွဲခြား ထားသည်။ စီမံကိန်းအဆင့်(၁)တွင် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်၊ စီမံကိန်းအဆင့်(၂) တွင် တောင်ငူ-မန္တလေးလမ်းပိုင်း ၂၁၉ ဒသမ ၅ မိုင်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ပင်လယ်ကူးသင်္ဘောသည် မြန်မာနိုင်ငံသို့ ကိုးကြိမ်ခန့် ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ဝန်းရံခ