မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းသုံး ကွန်ပျူတာ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကျောင်းသုံးကွန်ပျူတာ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ် စာအုပ်နှင့် ကျောင်းသုံးဗလာ စာအုပ်များ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဗလ မင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် တေဇ ကျော်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ကျောင်းသုံးကွန်ပျူတာများ ပေးအပ်ရာ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိမှ လက်ခံရယူသည်။ ဆက်လက်၍ တာဝန်ရှိသူများက ဆရာ၊ ဆရာမ များအတွက် ကျောင်းဝတ်စုံနှင့် ပညာရေး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေး ကိရိယာတို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။