အေးအတူပူအမျှ ငြိမ်းချမ်းသာယာဖို့လိုပေသည်

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ  ၁၇ ရက်)

အေးအတူပူအမျှ ငြိမ်းချမ်းသာယာဖို့လိုပေသည်

မြန်မာနိုင်ငံတွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်ကျင့်သုံးခဲ့သည်။ ထိုစနစ်၏ အခြေခံ သည် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်းတို့အပြင် မိမိတို့တစ်ပါတီ အကျိုးထက် တိုင်းပြည်ကောင်းကျိုးကိုရှေးရှုဆောင်ရွက်ကြမည်ဆိုလျှင် ထိုစစ်မှန် ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သည် လမ်းကြောင်းလွဲဖယ်သွားရန် အကြောင်းမရှိနိုင်ပေ။ ထိုစနစ်ကို လမ်းလွဲသွား အောင် မဲမသမာမှုကို အရုပ်ဆိုးအကျည်းတန်စွာပြုမူခဲ့သဖြင့် အရေးပေါ်ကာလ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ဤသည်မှာ ရာနှုန်း ပြည့်ဖြစ်ရပ်မှန်ဖြစ်ပေသည်။

မဲမသမာမှုပြုခဲ့သော NLD ပါတီသည် အာဏာလက်ဝယ်ရှိစဉ်ကပင် တိုင်းပြည်နှင့်လူမျိုးကောင်းကျိုး၊ အထူးသဖြင့် တိုင်းရင်းသား အကျိုးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။ အသေးအမွှားကိစ္စဟုဆိုနိုင်သော တံတားတစ်စင်း၏ အမည်ပေးခြင်း ကိစ္စမျှကိုပင် တိုင်းရင်းသားတို့၏သဘောဆန္ဒအတိုင်း ဆောင်ရွက် နိုင်ခြင်းမရှိခဲ့သည်မှာ ထိုပါတီ၏ အတ္တကြီးမားခြင်းကို ဖော်ပြခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ထားခြင်းအတွက် ပြေလည်အောင်ဖြေရှင်းပေးရန် အခြားသော ပါတီများနှင့် တပ်မတော်က တောင်းဆိုသည်ကိုမျက်ကွယ်ပြုခဲ့သည်။ နိုင်ငံကောင်းကျိုးအတွက် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သင့်ပါ လျက် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အရေးပေါ်ကာလ သတ်မှတ်ပြဋ္ဌာန်းချက်အရ နိုင်ငံတော်တာဝန်ကို ယူထားရခြင်း ဖြစ်သည်။  ထိုသို့တာဝန်ယူထားစဉ်အတွင်း  ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်(၅)ရပ်နှင့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ တိုးတက်ရေးကိုရှေးရှုသည့် ဦးတည်ချက်(၉)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံနှင့်လူမျိုးကောင်းကျိုးကို မျှော်မှန်းပြီး လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်လည်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေး မည်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားပြီးဖြစ်သည်။

ဆိုလိုသည်မှာ NLD ပါတီသည် မိမိတို့အမှားကိုပြုပြင်ကာ ရွေးကောက်ပွဲဝင်နိုင်ရေးကို ရှေးရှုသင့်ပါလျက် တိုင်းပြည် ပျက်စီးရေး လမ်းကြောင်းကိုရွေးချယ်လုပ်ဆောင်နေသည်။ NLD ပါတီမှဖြာထွက်လာသော NUG၊ CRPH နှင့် PDF လူသတ်အကြမ်းဖက် အဖျက်သမားတို့သည် တိုင်းပြည်ငြိမ်းချမ်းသာယာစွာဖြင့် ရွေးကောက်ပွဲကျင်းပပေးမည်ကို လိုလာခြင်းမရှိသောကြောင့်  အကြမ်းဖက် အဖျက်လုပ်ရပ်များကို လူမဆန်စွာ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံပျက်စီးရေးကို ရှေးရှုသည့် ပြည်ပ နိုင်ငံအချို့က ထောက်ပံ့မှုပေးလျက်ရှိသည်။

NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်ပနိုင်ငံအချို့မှ သွေးထိုးလှုံ့ဆော်မှုများ၊ သတင်းအမှန်ကို သတင်းမှား ဖြစ်အောင် ပြည်ဖျက်မီဒီယာများ၏ ပုံဖျက်မြှောက်ပင့်ပေးနေမှုများနှင့်အတူ မြန်မာနိုင်ငံပျက်စီးရေးကို လုပ်ဆောင်လျက်ရှိသည်။ အဆိုးရွားဆုံးလုပ်ရပ်များမှာ အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေး အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ ကျူးလွန်နေခြင်းဖြစ်သည်။  စစ်ရေးဆိုင်ရာပစ်မှတ်များကို ရင်ဆိုင်တိုက်ခိုက်မှုအစား အရပ်သားများကို ပစ်ခတ်သတ်ဖြတ်နေခြင်း သည် လူ့လောကတွင်လူဟူ၍ပင် ဆိုဖွယ်မရှိလောက်အောင် ယုတ်မာကောက်ကျစ်လွန်းလှသည်။

ထို့ကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြမ်းဖက်အဖွဲ့များဖြစ်သော NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက ပြည်သူလူထုပြည့်ဝစွာ ပူးပေါင်းပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များသည် လူသားအားလုံး အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်သော ကိစ္စရပ်များ ဖြစ်သည်။

ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာလူပုဂ္ဂိုလ်၊ ရဟန်းသံဃာများကိုပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ် နေသည်မှာ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်။ NLD ပါတီကို အစွန်းရောက် ထောက်ခံနေသူ များမှအပ ပြည်သူအများစုမှာ အေးချမ်းတည်ငြိမ်စွာနေထိုင်လိုကြသည်။ မိမိနိုင်ငံအတွင်း အကြောင်းမဲ့အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသော အကြမ်းဖက်အဖွဲ့ဝင်များရှိနေခြင်းကို မနှစ်သက်ကြပါ။ ထို့ကြောင့် ပြည်သူလူထု ပြည့်ဝစွာပူးပေါင်း ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အကြမ်းဖက်အဖျက်သမားများ ရှင်းလင်းရေးဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေ သည်။   ။