ပီအက်စ်ဂျီမှ စိတ်ဝင်စားနေသော ဒီလီအလီကို ဆောက်သမ်တန်နှင့်ပွဲ၌ မရွေးသော်လည်း လာမည့်ပွဲတွင်ပါဝင်မည်ဟု မော်ရင်ဟိုပြော

လန်ဒန်၊ ဘောလုံး

စပါးအသင်းသည် စက်တင်ဘာ ၂၀ ရက်ညက ဆောက်သမ်တန်ကို ဆွန်ယောင်မင် တစ်ဦး တည်း လေးဂိုးသွင်းပြီး ၅ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ထိုပွဲ၌ ကစားသမား စာရင်းတွင် မပါဝင်ခဲ့သည့် အဓိက ကစားသမား ဒီလီအလီနှင့်ပတ်သက်၍ နည်းပြမော်ရင်ဟိုအပေါ် မေးခွန်းထုတ်မှုများရှိလာသည်။ အင်္ဂလန်ကွင်းလယ်ကစားသမား ဒီလီအလီသည် ပြီးခဲ့သည့် တစ်ပတ်က  အဲဗာတန်ကိုရှုံးသည့်ပွဲ၌  ပထမပိုင်းတွင်  လူစားဝင်ကစားခဲ့သော်လည်း ကြား ရက်က ဘူလ်ဂေးရီးယားသို့သွားပြီး လိုကိုမိုးတစ်အသင်းနှင့် ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ် တွင်လည်း အသင်းနှင့်လိုက်ပါမသွားဘဲ ယခုလည်း ကြံ့ခိုင်မှုရှိပါလျက်နှင့် ဆောက်သမ် တန်နှင့်ပွဲ၌ ပါဝင်လာခြင်းမရှိသဖြင့် အသင်းပြောင်းမည်လားဟု ဒွိဟပွားစရာဖြစ်နေသည်။

ဒီလီအလီကို ပီအက်စ်ဂျီအသင်းက ခေါ်ယူရန်စိတ်ဝင်စားနေပြီး ၎င်းအတွက် ပြောင်းရွှေ့ ကြေးသည်  ပေါင်သန်း ၁၀၀ ဝန်းကျင်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထိုသတင်း များနှင့်ပတ်သက်ပြီး မော်ရင်ဟိုက “ကျွန်တော်က အသင်းကို ဟန်ချက်ညီအောင် လုပ်ချင် တယ်။ ကျွန်တော် ဒါကို လိုချင်တာပဲ။ သူက ဟန်ချက်ညီတဲ့ ကျွန်တော့်အသင်းမှာ ပါနိုင် မလားဆိုရင် ပါမယ်လို့ ဖြေမယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ကစားသမားရှစ်ဦးကိုထားခဲ့ပြီး   လေ့ကျင့်ခိုင်းခဲ့တယ်။ ဒီလီအလီလည်းပါတယ်။ ကျွန်တော်တို့ အသင်းအင်အားကိုမြင်ကြမှာ ပါ။ အားလုံးကို အရန်ခုံမှာ ခေါ်မလာနိုင်ဘူး။ လာမယ့်ပွဲတွေမှာပါလာမှာပါ” ဟုပြောသည်။

Ref:BT