လူဟူ၍ပင် မသတ်မှတ်သင့်သူများ

ရဟန်းသံဃာများကို အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်ခံရသော သတင်းများကြားရလေတိုင်း ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ စိတ်မကျေမချမ်း ဖြစ်ကြရသည်။ ထိုလုပ်ရပ်ကို ကျူးလွန်သော အကြမ်းဖက် အဖျက်သမားတို့သည် လူ့လောကတွင်လူဟူ၍ပင် မသတ်မှတ်သင့်သူများ ဖြစ်သည်။ လူဆိုသည်မှာ အမှားနှင့်အမှန်၊ လုပ်သင့်တာ၊ မလုပ်သင့်တာ ခွဲခြားဆင်ခြင်ဆုံးဖြတ်ရမည်။ မည်သည့်ခေတ်ကာလတွင်မှ မရှိခဲ့သော လွန်စွာအကျည်းတန်သည့် လုပ်ရပ်မျိုးကို NLD ပါတီမှ ပေါက်ဖွားလာသော NUG, CRPH နှင့် PDF အကြမ်းဖက် အဖျက်သမားတို့ လုပ်ဆောင်နေသည်။

NLD ပါတီသည် ငါးနှစ်တာကာလ အုပ်ချုပ်ခွင့်ရနေချိန်တွင် ဗုဒ္ဓဘာသာသာသနာကို ညှိုးမှိန်အောင် လုပ်ဆောင်ခဲ့သည်။ ဘာသာကြီးတစ်ခုတည်းက  ကြီးစိုးမှုကိုမလိုလားဟူသော အသံတို့ဖြင့် ဗုဒ္ဓဘာသာကို အခြားသောဘာသာနှင့် တန်းညှိခဲ့သည်။ ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေရန်၊ နိမ့်ကျသည့်အဖြစ်သို့ ရောက်စေရန်၊ အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခဲ့သည်မှာ ထင်ရှားသောလုပ်ရပ်များ ဖြစ်သည်။ ထို့ကြောင့် NLD ပါတီဝင်များ၊ အစွန်းရောက်ထောက်ခံသူများသည် ဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ သံဃာကို လည်းကောင်း စော်ကားမှုများ ပြုလုပ်လာသည်ကို အံ့သြဖွယ်တွေ့မြင်ရသည်။

ဒီမိုကရေစီဟု အော်ဟစ်နေသော်လည်း လုပ်ရပ်များကား ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်မင်းမဲ့စရိုက်တွေသာ လုပ်ဆောင်နေသည်။ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဆူပူဆန္ဒပြသူတွေက အမျိုးသမီးဝတ်လုံချည်များအား အလံသဖွယ်ကိုင်ဆောင်ခြင်း၊ အမျိုးသမီးဝတ်လုံချည်များကို အများပြည်သူ အသုံးပြုသွားလာနေသော လမ်းကြောင်းများ၏ပေါ်တွင် ကြိုးတန်း၍ ချည်နှောင်ထားခြင်း၊ ထိုအမျိုးသမီးဝတ်လုံချည်များပေါ်တွင် ဆရာတော်ကြီးတစ်ပါး၏ ရုပ်ပုံကားချပ်များကို ချိတ်ဆွဲထားခြင်းဖြင့် ဘာသာ သာသနာတော်ကို  စတင်စော်ကားခဲ့သည်။ မိဘနှင့်ဆရာတို့ကိုလည်း အလွတ်မပေး၊ သတ်ရဲဖြတ်ရဲသော မကောင်းစိတ်ဝင်နေကြသည်။

မိမိတို့နေထိုင်ရာကျေးလက်ဒေသများတွင် သီတင်းသုံးတော်မူကြသည့် ရဟန်းသံဃာများမှာ ရပ်ရွာဒေသအတွင်း အေးချမ်းတည်ငြိမ်ပြီး လူတိုင်းတွင် စိတ်ကောင်းနှလုံးကောင်းရှိစေရေး ဟောဖော်ညွှန်ပြဆုံးမသူများ ဖြစ်ကြသည်။ မကောင်းသောဘေးကိုမြင်နေ၍ ကောင်းသောလမ်းကြောင်းသို့ ရောက်အောင်ဆုံးမသော ဆရာတော်သံဃာတော် များကိုလည်း ငါနှင့်မတူငါ့ရန်သူသတ်မှတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ကြသည်။

ဆွမ်းစားနေသော သံဃာတော်ကိုလည်း သတ်ဖြတ်သည်။ လမ်းသွားနေသော သံဃာတော်ကိုလည်း သတ်ဖြတ်သည်။ အစွမ်းကုန်မိုက်လုံးကြီးနေသည်မှာ ပြည်သူများအဖို့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေသည်။ ဇန်နဝါရီလ၁၇ ရက်နေ့အထိ NUG, CRPH နှင့် PDF အကြမ်းဖက်အဖျက်သမားတို့ အကြောင်းအမျိုးမျိုးပြ စွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်ခံရသော သံဃာတော်အပါး ၂၀ ပျံလွန်တော်မူခဲ့ကြကြောင်းနှင့် ခုနစ်ပါးမှာ ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မကောင်းမှုပြုလုပ်သူမှာ မိမိပြုလုပ်သောမကောင်းမှု၏အကျိုးခံစားရမြဲဖြစ်သည်။ ကံတူအကျိုးပေးဟူသော စကားအတိုင်း ကုသိုလ်ကံသည်လည်းကောင်း၊ အကုသိုလ်ကံသည်လည်းကောင်း အချိန်တန်လျှင် အကျိုးပေးတတ်စမြဲဖြစ်သည်။ အကုသိုလ်အကျိုးပေးသည်မှာ အချိန်မဆိုင်းခဲ့ပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဇွဲလုံ့လဝီရိယကြောင့်အကြမ်းဖက်အဖျက်သမားတို့ကို ဖမ်းဆီးရမိခဲ့သည်။ ဘုရား၊ တရား၊ သံဃာကို စော်ကားချင်တိုင်း စော်ကားနေသူတို့၏ ဘဝနိဂုံးသည် မရှုမလှကျဆုံးခြင်းသာ ဖြစ်သည်။

ဗုဒ္ဓဘာသာ  သာသနာတော်သည် မွန်မြတ်ဖြူစင်သော ဘာသာဖြစ်သည်။ လူတိုင်းခါးဝတ်ပုဆိုးကဲ့သို့ စောင့်ထိန်းရမည့် အခြေခံသီလငါးပါးကို စောင့်ထိန်းနိုင်လျှင်ပင် လောကကြီးအေးချမ်းသာယာနေမည် ဖြစ်သည်။

အကြမ်းဖက် အဖျက်သမားတို့သည် သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်နေသည်။ သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူဓားပြတိုက်နေသည်။ သူတစ်ပါးသားမယားပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ သေရည်သောက်ခြင်းတို့ကိုကား အကြမ်းဖက်အဖျက်သမားတို့အနေနှင့် ထမင်းစား ရေသောက်သည့် သဖွယ် ကျူးလွန်နိုင်ကြသည်။ ထိုအကြမ်းဖက်အဖျက်သမားတို့ကို အားပေးနေသူ အချို့သည်လည်း အကုသိုလ်ကံကို ဆင့်ပွားဝယ်ယူနေသူများ ဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့လုပ်ရပ်သည် တိုင်းပြည် တည်ငြိမ် တိုးတက်မှုမရှိအောင်  လုပ်ဆောင်နေခြင်း ဖြစ်ပေရာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက် ထားမှု ဆိုသော စကားရပ်များနှင့် လုံးဝဆန့်ကျင်လျက်ရှိသည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီကိုလိုလားသူ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် လူဟူ၍ပင် မသတ်မှတ်သင့်သော NLD ပါတီဝင်အစွန်းရောက်များ၊ NUG, CRPH နှင့် PDF အကြမ်းဖက်အဖျက်သမားများ၏ လှုပ်ရှားမှု သတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။