မိုယက်စ် COVID-19 ရောဂါကူးစက်ခံရ၍ ပွဲစဉ်နှစ်ပွဲလွဲမည်ဖြစ်သော်လည်း Zoom မှပွဲကို ကြီးကြပ်မည်

ဝက်စ်ဟမ်းအသင်းနည်းပြ မိုယက်စ်သည် စက်တင်ဘာ ၂၂ ရက်က ဟားလ်စီးတီးနှင့် ကာရာဘောင်း ဖလားပွဲမတိုင်မီ ဆေးစစ်ရာ ကစားသမားအစ်ဆာ ဒီအော့၊ ဂျို့ရှ်ကယ်လန်တို့နှင့်အတူ  COVID-19 ရောဂါပိုးတွေ့ခဲ့ရာ နေအိမ်တွင် သီးခြားနေထိုင်ပြီး ကုသနေရသည်။

စက်တင်ဘာ  ၂၅  ရက်က   နောက်တစ်ကြိမ် ဆေးစစ်ရာတွင်လည်း  ရောဂါပိုးတွေ့နေရဆဲဖြစ်နေ၍ မိုယက်စ်သည် ဝက်စ်ဟမ်း၏  ဝုဗ်၊ အဲဗာတန် အသင်းတို့နှင့် တွေ့မည့် ပွဲစဉ်နှစ်ပွဲကို ကွင်းထဲပြန် လာကြီးကြပ်နိုင်ဦးမည် မဟုတ်ပေ။ အောက်တိုဘာ လဆန်းပိုင်းမှ အစောဆုံးပြန်လာနိုင်မည့် မိုယက်စ်သည်   ကြားတွင်ကစားရမည့်ပွဲများကို  နေအိမ်မှ  ဖုန်းဖြင့် Zoom Application သုံးပြီး  ပွဲကိုကြီးကြပ်မည်ဖြစ်ကြောင်း  လက်ထောက်နည်းပြ    အလန်အာဗိုင်းက ပြောသည်။

“ဒေးဗစ်မိုယက်စ်က   နည်းပြဖြစ်တာကြောင့် သူခိုင်းတဲ့အတိုင်း  ကျွန်တော်တို့က   လုပ်ရမှာဖြစ်ပါတယ်။  ကစားသမား အားလုံးကိုလည်း   သူကပဲ ဖုန်းကနေ  ညွှန်ကြားကြီးကြပ်ပါမယ်။ ကျွန်တော်ကကြားက  သတင်းပို့ပေးသူသက်သက်ပါပဲ”  ဟု အလန်အာဗိုင်းကပြောသည်။ 

ပရီးမီးယားလိဂ်အဖွင့်နှစ်ပွဲရှုံး အပြီးနောက် ဝက်စ်ဟမ်းအသင်းပူးတွဲပိုင်ရှင် ဒေးဗစ်ဆူလီဗန်က ယခုဈေးကွက်တွင် ကစားသမားသစ်မဝယ်တော့ဟု အတိအလင်း ပြောထားပြီး ဖြစ်သည်။   

Ref:Dailymail