ဆွာရက်ဇ်ကို ပြောင်းရွှေ့ခိုင်းမှုမျိုး မဖြစ်သင့်ကြောင်း ဘာစီလိုနာအသင်းကို မက်ဆီဝေဖန် အီတူး အဲလ်ဗက်စ်နှင့် နေမာတို့ကလည်း လေးစားမှု မရှိဟုပြော

ဘာစီလိုနာတွင် ခြောက်နှစ်ကြာ အောင်မြင်စွာ ကစားပေးခဲ့သော  ဝါရင့်တိုက်စစ်မှူးဆွာရက်ဇ် သည် စက်တင်ဘာ ၂၅ ရက်က အက်သလက် တီကိုအသင်းသို့  နှစ်နှစ်စာချုပ်ဖြင့် တရားဝင် ပြောင်းရွှေ့သွားပြီးနောက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ကစားသမားဟောင်းများက ဆွာရက်ဇ်အပေါ် ဘာစီလိုနာ၏လုပ်ရပ်များသည် လေးစားမှု မရှိဟု ဝေဖန်ခဲ့ကြသည်။

ဆွာရက်ဇ်သည်   ဘာစီလိုနာသမိုင်းတစ်လျှောက်  တတိယမြောက် ဂိုးအများဆုံးသွင်း ထားသူဖြစ်သော်လည်း    မကြာသေးမီကမှ နည်းပြသစ်ဖြစ်လာသော ရော်နယ်ကိုးလ်မန်းက သူ့အနာဂတ် စီမံကိန်းတွင် မပါတော့သူဟု   လူသိ ရှင်ကြားထုတ်ပြောပြီး  အသင်းမှ ပြောင်းရွှေ့ခိုင်းလိုက်ရာ  ဆွာရက်ဇ်သည်  အက်သလက်တီကိုတွင် လစာ ၆၀ ရာခိုင်နှုန်းအထိ လျှော့ယူပေးခဲ့ ရကြောင်း သိရသည်။ အချစ်ဆုံး  သူငယ်ချင်းဖြစ်သည့် ဆွာရက်ဇ်အတွက် မက်ဆီက စက်တင်ဘာ ၂၅ ရက်က  အင်စတာဂရမ်မှတစ်ဆင့်  ဘာစီလိုနာအသင်းကို   ရေးသားဝေဖန်ခဲ့သည်။

အသင်းအတွက် ၂၈၃ ပွဲကစားပေးခဲ့ပြီး ၁၉၈ ဂိုး   သွင်းပေးခဲ့သူအတွက်  ဘာစီလိုနာအသင်း လုပ်ပုံကို  မက်ဆီက  “ခင်ဗျားကို တခြားအသင်း အင်္ကျီနဲ့ပြန်မြင်ရမှာက ထူးဆန်းနေတော့မှာပဲ။ ခင်ဗျားက ဘာစီလိုနာအသင်းသမိုင်းမှာ အရေး ပါဆုံးသူတစ်ယောက်ဖြစ်တယ်။   အသင်းလိုက်အနေနဲ့ရော တစ်ဦးချင်းအနေနဲ့ပါ ဘာစီလိုနာ နဲ့အတူ  ခင်ဗျား   အရေးကြီးဆုံးအရာတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်။ ဒါပေမဲ့  ဒီအနေအထားမှာ အမှန်တရားကဒါပဲဆိုတော့ အံ့သြမနေ တော့ပါဘူး။ စိန်ခေါ်မှုအသစ်အတွက် အကောင်း ဆုံးဖြစ်ပါစေ”ဟု ရေးတင်ခဲ့သည်။

ဆွာရက်ဇ်ကို နည်းပြသစ်ကိုးလ်မန်းက ပေါင် ငါးသန်းခွဲဖြင့်ရောင်းထုတ်ရန်  တစ်မိနစ်တည်း ဖုန်းပြောပြီး   ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ မက်ဆီ၏ ဝေဖန်ခဲ့မှုကို ပီအက်စ်ဂျီတိုက် စစ်မှူးနေမာကလည်း  “သူတို့လုပ်ရပ်တွေက ဘယ်လောက်တောင်မယုံနိုင်စရာလဲဗျာ”ဟု တုံ့ပြန် ရေးသားခဲ့သည်။ ဘာစီလိုနာညာနောက်ခံကစား သမားဟောင်း ဒါနီအဲလ်ဗက်စ်ကလည်း “ဆိုးဆိုး ရွားရွားပါပဲ။ ဒီလိုအဖြစ်တွေက အရင်ကတည်းက ရှိနေခဲ့တာပါ။ သူတို့က လေးစားမှုနဲ့ပတ်သက် လို့ ဘာမှမသိကြဘူး”ဟု ရေးသားခဲ့သည်။ အီတူး ကလည်း “အဆင့်အတန်းဆိုတာ ဝယ်ယူလို့မရ ဘူး။  ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်၊  ကိုယ့်အတွက် ကိုယ်တွေး” ဟု ရေးသားခဲ့သည်။

Ref:Dailymail