COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် စားရေးတွင် အထောက် အကူပြုစေရန်အတွက် ဆန်အိတ်များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၇
    
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် စားရေးတွင် အထောက်အကူပြုစေရန် ဆန်အိတ်များ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ ဦးသက်အောင်ချို MAG Company Ltd  က ဆန်အိတ်များပေးအပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် ဆန်အိတ် ၂၀၀ အိတ်ကို တိုင်းစစ်ဌာနချုပ် သို့ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။
    
ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။