သေနတ်သမားများ၏ ဖမ်းဆီးခြင်းကို ခံရသည့် ခရီးသွားများအား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ရှာဖွေလျက်ရှိ

သေနတ်သမားများ၏ ဖမ်းဆီးခြင်းကို ခံရသည့် ခရီးသွားများအား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ရှာဖွေလျက်ရှိ

နိုင်ဂျီးရီးယားနိုင်ငံ  မြောက်ပိုင်းရှိ အဝေးပြေးလမ်းမကြီးတစ်ခုတွင် သေနတ်သမားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် ခရီးသွားများအား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက် ရှိကြောင်း လုံခြုံရေး တပ်ဖွဲ့မှ အရာရှိတစ်ဦးက သြဂုတ် ၂၅ ရက်တွင် ပြောသည်။

သေနတ်သမားများသည် ကက်ဆီနာပြည်နယ်ရှိ ကာဒိုဘီကျေးရွာ အနီးရှိအဝေးပြေး လမ်းမကြီးပေါ်တွင် မော်တော် ယာဉ်နှစ်စီးပေါ်မှ   ခရီးသွားများအား သြဂုတ်၂၄ ရက်  ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ    ဂမ်ဘိုအိုင်ဆာက ပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့်    ခရီးသွားအရေအတွက် အတိအကျကို ဖော်ထုတ်နိုင်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

အမည်မသိ သေနတ်သမားများသည် မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်များ ပစ်ဖောက်၍ မော်တော်ယာဉ်များအား ရပ်တန့်ရန် အမိန့်ပေးခဲ့ကြောင်း၊ယင်းနောက်တွင် ခရီးသွားများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများကဖော်ပြသည်။

အဆိုပါဖြစ်စဉ်တွင်  လူသေဆုံးမှု မရှိကြောင်း သိရသည်။

Ref: CN