ပြည်သူများအတွက် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ပေးနိုင်ရေး ဦးတည်ဆောင်ရွက်

ပြည်သူများအတွက် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ပေးနိုင်ရေး ဦးတည်ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ 

နိုင်ငံတော်နှင့်   ပြည်သူများအား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်ရေး ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Generation Mix  အတွင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် Reliable Backbone  ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ၎င်းစက်ရုံများ၏ ဓာတ်အားထုတ်လုပ် စွမ်းရည်မြင့်မားရေးကို အစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ထို့အတူ ဌာနရှိ ဝန်ထမ်းများ၏ စွမ်းရည်များအား အစဉ်မြှင့်တင်သွားရန် လိုအပ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး ဖြူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့ကို နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်နှင့် ချိတ်ဆက်မှု အခြေအနေ၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ အမှတ် (၁) ဓာတ်အားပေးစက်၏ Stator Windingများ အစားထိုး လဲလှယ်ပြုပြင်မှုနှင့် Rotor အား Maintenance  ပြုလုပ်မှု၊ ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်မှု အခြေအနေများအား စက်ရုံမှူး ဦးကျော်သက်ခိုင်က ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်းနှင့် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင် တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

တင်ပြမှုများအပေါ်  ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ   ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်များ၏ အကူအညီမလိုဘဲ ဆောင်ရွက်နိုင်သဖြင့် လှိုက်လှဲစွာ အသိအမှတ်ပြုဂုဏ်ယူကြောင်း၊ အခြားစက်ရုံများမှ ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်သဖြင့် နည်းပညာဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ခြင်းသည် အထူးကောင်းမွန်ကြောင်း၊ ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးပြည့်ဝသော ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေး အစဉ်မပြတ်ပြုပြင် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊    ကြီးကြပ်သူများက လက်အောက်ဝန်ထမ်းများအား လက်ဆင့်ကမ်း၍ လေ့ကျင့်ပျိုးထောင်ပေးရေးကို အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများအား အမှတ်တရသစ်သီးခြင်းနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

အဆိုပါစက်ရုံရှိ အမှတ် (၁) စက်အား ပြုပြင်ပြီးပါက တမံကန်ရေ ျွအေနိ ံနေိ အထက်တွင် တပ်ဆင်စွမ်းအားပြည့် ၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်ထုတ်လုပ် မောင်းနှင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ် အတွင်းသို့ တစ်နှစ်လျှင် ပျမ်းမျှ ၆ ဒသမ၂ ကီလိုဝပ်နာရီသန်းခန့် ပိုမိုထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။