စွမ်းအင်နဲ့ လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် -(၂)

စွမ်းအင်နဲ့ လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် -(၂)

အမှတ်စဉ် (၂)

ရေနံကို ဘယ်သူတွေပိုင်သလဲ

ကမ္ဘာ့ရေနံသိုက်အများစုကို ဘယ်သူတွေကပိုင်ဆိုင်ထားလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ အဓိကပိုင်ဆိုင်တဲ့ နိုင်ငံတွေကတော့ အောက်ပါအတိုင်းတွေ့ရမှာပါ။

(ပုံ-၁)

(ပုံ-၁-က)

(ပုံ-၁-ခ)

(ပုံ-၁-ဂ)

အခြားနိုင်ငံများလည်း အစီအစဉ်အလိုက် ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ရေနံကြွယ်ဝမှုကို လေ့လာနိုင်ဖို့ တန်းစီဇယားအတိုင်း ၆၂ နိုင်ငံထိသာ ဖော်ပြခြင်းဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ ရေနံသိုက်အကြွယ်ဝဆုံးထဲက ၁၀ နိုင်ငံကို လေ့လာရင် ခုနစ်နိုင်ငံဟာ ရေနံရောင်းနိုင်ငံများ အဖွဲ့ဝင်(OPEC) နိုင်ငံများဖြစ်နေပြီး ကျန်သုံးနိုင်ငံဟာ ကနေဒါ၊ ရုရှားနဲ့ အမေရိကန်ဖြစ်နေတယ်ဆိုတာ တွေ့ရမှာပါ။ ကနေဒါကတော့ နိုင်ငံတကာမှာ  အုပ်စုဖွဲ့တဲ့စာရင်းထဲမှာ သိသိသာသာမပါတတ်ပေမယ့် ရုရှားနဲ့အမေရိကန်လို အုပ်စုဖွဲ့နေကြတဲ့ နှစ်နိုင်ငံဟာ နံပါတ်(၈)နဲ့ နံပါတ်(၁၀)မှာ အသီးသီးရှိနေပါတယ်။ သူတို့ နှစ်ယောက်ပေါင်းရဲ့ ကြွယ်ဝမှုဟာလည်း ကြီးမားတဲ့အတွက် နိုင်ငံတကာ ရေနံဈေးတွေမှာ သြဇာသက်ရောက်မှုရှိနေတာဖြစ်ပါတယ်။

ဘယ်သူတွေ ရေနံအထုတ်ဆုံးလဲ

    ကမ္ဘာမှာ ဘယ်နိုင်ငံတွေက အများဆုံး ရေနံထုတ်လုပ်နေသလဲဆိုတာ အောက်ကဇယားမှာ လေ့လာနိုင်ပါတယ်။

(ပုံ-၂)

ဘယ်သူတွေ ရေနံဝယ်သွင်းနေသလဲ

    ရေနံကို အမာခံစွမ်းအင်အဖြစ် အသုံးပြုနေကြတဲ့ နိုင်ငံအချို့မှာ မိမိရေနံတွင်းများနဲ့ မလုံလောက်လို့ ဝယ်ယူတင်သွင်းမှုများ ရှိသလို မိမိရေနံတွင်းများကို ထိန်းထားပြီး ဈေးကျနေတဲ့ရေနံကို ပြည်ပမှ ဝယ်ယူသုံးစွဲနေသူတွေလည်း ရှိပါတယ်။ ဘယ်နိုင်ငံတွေ ဝယ်ယူတင်သွင်းနေသလဲ။ ရှေ့မှာဖော်ပြခဲ့တဲ့ ရေနံသိုက်ကြွယ်ဝမှုနဲ့ ချိန်ထိုးကြည့်ကြရအောင် -

(ပုံ-၃)

ကမ္ဘာမှာ ရေနံဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံဟာ ၂၀၁၇ ခုနှစ်စာရင်းအရ ၁၂၆ နိုင်ငံရှိပါတယ်။ ဒီထဲကမှ အများဆုံးဝယ်ယူတင်သွင်းတဲ့ နိုင်ငံ ၁၀ နိုင်ငံကို ဖော်ပြထားတာပါ။ ရေနံသိုက်အများဆုံးပိုင်ဆိုင်မှု နံပါတ် (၁၀) ဖြစ်တဲ့ အမေရိကန်ဟာ ဒုတိယအများဆုံး ရေနံဝယ်ယူ တင်သွင်းနေပါတယ်။ အလားတူပဲ ပိုင်ဆိုင်မှုအများဆုံး နံပါတ် (၁၃) နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာလည်း ထိပ်တန်းနံပါတ် (၁) ရေနံဝယ်ယူတင်သွင်းသူဖြစ်နေပါ

တယ်။ အမေရိကန်နဲ့ တရုတ်ဟာ ကိုယ်တိုင်လည်း ထုတ်လုပ်မှုအများဆုံး နံပါတ် (၂) နဲ့ နံပါတ် (၄) မှာ ရှိနေပါတယ်။ ဒါပေမဲ့ ဝယ်ယူ တင်သွင်းနေကြတယ်၊ စဉ်းစားစရာများသာဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်သူတွေက ရောင်းနေကြတာလဲ၊ တစ်နှစ်ကို ဘယ်လောက်ဖိုးလောက် ရေနံရောင်းပြီး ချမ်းသာနေကြတာလဲ ကြည့်ကြပါမယ်။

ကမ္ဘာ့ရေနံရောင်းနိုင်ငံများ

ကမ္ဘာ့ရေနံရောင်းချမှု အများဆုံးနိုင်ငံ များကတော့ အောက်ကဇယားအတိုင်းပါပဲ။

(ပုံ-၄)

ယခုဖော်ပြခဲ့တဲ့ နိုင်ငံ ၁၅ နိုင်ငံရဲ့ရောင်းချမှုဟာ တစ်ကမ္ဘာလုံးမှာ ရေနံထုတ်ရောင်းနေတဲ့ ပမာဏရဲ့ ၈၁ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ ရုရှားရဲ့ရောင်းချမှုဟာ ဒုတိယအများဆုံး ဖြစ်နေတဲ့အတွက် အုပ်စုဖွဲ့ပြီး နိုင်ငံရေးကစားနိုင်တဲ့ ပမာဏဖြစ်နေပါတယ်။

ဆက်လက်ဖော်ပြပါမည်။