ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရိုမန်ဂိုလော့ဗ်ချန်ကိုထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ အစိုးရအဖွဲ့ ကိုယ်စားနှင့် မိမိမှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။

လက်ရှိခက်ခဲသည့် အခြေအနေများတွင် မိမိတို့နှစ်နိုင်ငံအနေဖြင့် မြင့်မားသည့် အပြန်အလှန်ယုံကြည်မှုကို ထိန်းသိမ်းပြီး၊   နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆက်လက်ပူးတွဲဆောင်ရွက်သွားမည့်အပေါ်    ဝမ်းမြောက်မိပါသည်။

ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေးသည် နီးကပ်သည့် အနာဂတ်ကာလတွင် စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပညာရေး စသည့် နယ်ပယ်စုံ၌ သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ပါသည်။

အဆွေတော် ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူများ သာယာဝပြောပြီး တည်ငြိမ်အေးချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မိမိအနေဖြင့် အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။