တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂုဏ်ပြုထိုက်သူများ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၁၁ ရက်)

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိရာတွင် စည်းကြပ်နှစ်အလိုက် ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန် နှင့် အထူးကုန်စည်ခွန်ပေးဆောင်သူများ၏အခန်းကဏ္ဍသည် လွန်စွာအရေးပါလှသည်။

နိုင်ငံတစ်ဝန်း အခွန်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်း ၁ဝဝဝ စာရင်းကို အခွန်အသိ၊ အခွန်ယဉ် ကျေးမှုမြင့်မားလာစေရေးအတွက် နိုင်ငံတော်အနေဖြင့် နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန် ဆို သည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေးမူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ''နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရ ရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသောအခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့် အရေးနှင့်ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်'' ဟူသော မူဝါဒချမှတ် ဆောင်ရွက်လျက် ရှိသည်။

အခွန်ကောက်ခံခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန်လိုအပ်သည့် အသုံးစရိတ် များကို ပြည်သူများ ကိုယ်တိုင်ထည့်ဝင်ခြင်းဖြစ်သည်။ အစိုးရက ပြည်သူများအကျိုးစီးပွားအတွက်ပြန်လည်အသုံး ပြုခြင်း ဖြစ်ပေရာ အခွန်သည် ပြည်သူများပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းဟုဆိုနိုင်ပေသည်။

၂ဝ၁၈-၂ဝ၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်အများဆုံးပေး ဆောင်ခဲ့သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ် ၁ဝ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် ၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီများမှ လုပ်ငန်းရှင်များဖြစ်ကြသည့် ဥရောပအာရှ ကော်မာ ရှယ် ကုမ္ပဏီလီမိတက်၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ အီလန် ကုမ္ပဏီလီမိတက်၊ အပြည်ပြည်ဆိုင်ရာ အဖျော်ရည်ယမကာရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ မြဝတီဘဏ် လီမိတက်၊ သမဝါယမဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ မြန်မာ စပျစ်နှင့် အဖျော်ရည် ကုမ္ပဏီလီမိတက်၊ ဧရာဝတီဘဏ်လီမိတက်နှင့် ဒန်ကိုထရေးဒင်း ကုမ္ပဏီလီမိတက်မှ  တာဝန်ရှိသူတို့ကို နိုင်ငံတော်သမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

၂ဝ၁၈-၂ဝ၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်ပေးဆောင်ကုမ္ပဏီ ၁ဝ ခုတွင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ဒုတိယအများဆုံးအဖြစ်လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာအဖျော်ရည် ယမကာရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်သည် စတုတ္ထအများဆုံး အဖြစ်လည်းကောင်း၊ မြဝတီဘဏ်လီမိ တက်သည် ပဉ္စမအများဆုံး အဖြစ်လည်းကောင်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ  ပေးအပ်ချီးမြှင့်ခြင်း ခံရသည်။ ဤသည်မှာ အများပြည်သူများအတွက် ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်ပေသည်။ နိုင်ငံတော်အပေါ်တာဝန် ကျေပွန် စွာဖြင့် သတ်မှတ်ထားသည့်အခွန်များပေးဆောင်သည့်အတွက် နိုင်ငံတော်က  ထိုက်တန်စွာအသိ အမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါ ဃဥဠှီု-၁၉ ကြောင့် စီးပွားရေးဆိုင်ရာသက်ရောက်မှုများနှင့် အလုပ်သမား များ၏ အလုပ်အကိုင် ဆုံးရှုံးမှုများရှိ နေချိန်တွင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်သည် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းကဆောင်ရွက်ရင်း လုပ်ငန်းအရှိန်အဟုန် မပြတ်ရပ်တည်နိုင်ခဲ့သည့် အပြင် အခွန်ပေးဆောင်နိုင်မှုမှာလည်း ဒုတိယနေရာတွင်ရပ်တည်နိုင်ခဲ့သည်ကို တွေ့မြင်ရသည်။

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် အများပြည်သူများ အစု ရှယ်ယာထည့် ဝင်မှုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီလီမိတက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေ ကြသော လုပ်ငန်းအများစုမှာ နိုင်ငံခြားမှတင်သွင်းလာသော ပစ္စည်းများကို ပြန်လည်ဖြန့်ချိ ရောင်းချခြင်းသာ ဖြစ်သည်။ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှာ ပြည်ပ သွင်းကုန်အစားထိုး လုပ်ဆောင်နိုင်ပြီး ကုမ္ပဏီမှထုတ်လုပ်သော ပစ္စည်းများမှာ ပြည်ပသို့ပင်တင်ပို့ရောင်းချ နိုင်ခဲ့သည်။ ပြည်တွင်း ဈေးကွက်အတွက် ပြည်သူများအမှန်တကယ်သုံးစွဲရန် လိုအပ်သည့် ပစ္စည်းများကိုလည်း အထူးထုတ် လုပ်ရောင်း ချနိုင်သည့် ကုမ္ပဏီဖြစ်သည်။ ထုတ်လုပ်သောပစ္စည်းများ၏အရည်အသွေးမှာလည်း သတ်မှတ်စံချိန်စံညွှန်းပြည့် မီသည့်အတွက် ပြည်သူလူထုစိတ်ကျေနပ်ဖွယ်ဖြစ်သည်။ ရောင်းအားကောင်းသည့် အတွက် နိုင်ငံ့အခွန်ပေး ဆောင်မှုလည်း သတ်မှတ်ချက်အတိုင်းပေးသွင်းနိုင်ခဲ့သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်နှင့် နိုင်ငံတော်ယန္တရားများလည်ပတ်နိုင်ရန်မှာ ဘဏ္ဍာငွေ လိုအပ် သည်။ ဘဏ္ဍာငွေရရှိရန်မှာ သယံဇာတအရင်းအမြစ်နှင့် ပြည်ပချေးငွေများအပေါ်မှီခိုသည့် နည်းလမ်းထက် အခွန် ကောက်ခံခြင်း နည်းလမ်းကသာ တိုင်းပြည်တစ်ခု၏ မေခရိုစီးပွားရေးတည်ငြိမ်မှုနှင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်ပေရာ မြန်မာ့ စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိ တက်၏ နှစ်စဉ်အခွန်ပေးဆောင်မှုသည် လွန်စွာချီးကျူး ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း မြဝတီက ဂုဏ်ပြုရေးသား အပ်ပါသည်။   ။