ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်ကို ဦးဆောင်လျက်ရှိရာတွင် နိုင်ငံ့ စီးပွားတိုးတက် မြင့်မားရေးအတွက် စီးပွားရေးဦးတည်ချက် (၃) ရပ်ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိပါသည်။ နိုင်ငံအတွင်း စီးပွားကုန်ထုတ်လုပ်ငန်းများ ပေါများပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေးကို ရှေးရှုဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ထို့အတူ    ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်လိုသူများ၊   လုပ်ကိုင်နေသူများအရေးကိစ္စနှင့် ပတ်သက်၍  အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (ြဥနင်္ဗ) တို့မှတာဝန်ရှိသူများ၊ နိုင်ငံအလိုက်အဖွဲ့ခေါင်းဆောင်များနှင့် အခါအားလျော်စွာ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများခွင့်ပြု၍  ပြည်ပနိုင်ငံများသို့အလုပ်သမားများစေလွှတ်ခွင့်ပြုပေးလျက်

ရှိရာ  သြဂုတ်  ၂၃ ရက်အထိ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့်  ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၄၅၇ ခုရှိပြီး ထိုင်းနိုင်ငံအတွက်လိုင်စင်ရအေဂျင်စီ ၁၅၀  ရှိကြောင်းသိရှိရသည်။

ပြည်ပနိုင်ငံများသို့   သွားရောက်အလုပ်လုပ်မည့်သူများအား  သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ကြရမည်ဖြစ်သည်။ သတ်မှတ်ရက်များအတွင်းစေလွှတ် နိုင်ခြင်းမရှိပါက  အလုပ်သမားများအတွက်နစ်နာမှုဖြစ်လာပြီး     တိုင်ကြားမှုများ ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့်   အေဂျင်စီများအနေဖြင့် ပြည်ပထွက်ခွာမည့် အလုပ်သမားများနှင့် ပတ်သက်၍ အလေးထား လုပ်ဆောင်ပေးကြရန် လိုအပ်သည်။   ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့် အလုပ်သမားများ  သက်ဆိုင်ရာနိုင်ငံရှိလုပ်ငန်းခွင်များတွင် အလုပ်ရှင်၊  အလုပ်သမား မပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှု၊   သေဆုံးမှုဖြစ်စဉ်များရှိလာပါက ရက်ပေါင်း ၃၀   အတွင်း ဖြေရှင်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

ထို့ပြင်  အလုပ်သမားစေလွှတ်ပေးသည့်အေဂျင်စီနှင့် သွားရောက်မည့်အလုပ်သမားတို့အကြား စေလွှတ်ခြင်းဆိုင်ရာ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုရမည့်အပြင်  အလုပ်သမားများအားအလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူညီချက်စာချုပ်တွင် မြန်မာ/အင်္ဂလိပ်၊ သက်ဆိုင်ရာနိုင်ငံဘာသာတို့ဖြင့် ချုပ်ဆိုရန်နှင့် စည်းကမ်းချက်၊ သတ်မှတ်ချက်များကို အပြည့်အဝနားလည်သဘောပေါက်စေရေးအတွက် အလုပ်သမား များအား ရှင်းလင်းစွာ ပြောကြားပြီး အလုပ်သမားက သဘောတူညီမှသာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုး စေရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ပို့ချပေးလျက်ရှိသည်။    ပြည်ပအလုပ်အကိုင်  အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card-OWIC)   လျှောက်ထားခြင်းများကို အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။   အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့်   ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ရေး၊ အခက်အခဲရှိပါက ပြည်ပရှိမြန်မာနိုင်ငံသံရုံးများ၊   အလုပ်သမားသံ အရာရှိများနှင့် ဆက်သွယ်ဆောင်ရွက်ရေးကို   သက်ဆိုင်ရာအေဂျင်စီများအနေဖြင့်  အလုပ်သမား သံအရာရှိများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  အဆိုပါပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပ သို့အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပေသည်။  သြ့ မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကိစ္စနှင့်ပတ်သက်၍ ငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ် များမှတစ်ဆင့် စနစ်တကျစီးဆင်းစေရေးကိုလည်း ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။   တရားဝင်လွှဲပြောင်း ပေးခြင်းဖြင့် လွယ်ကူမြန်ဆန်မှုရှိပြီး ငွေကြေးဆုံးရှုံးမှု၊ လျော့နည်းမှုများမရှိဘဲ မိသားစုများထံ ရောက်ရှိမည်ဖြစ်သည်။

ပြည်ပအလုပ်အကိုင်ရှာဖွေသူများအနေဖြင့်   ပြည်ပသို့စနစ်တကျသွားရောက်လုပ်ကိုင်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လုပ်သားများအနေဖြင့်လည်း ပြည်ပအလုပ် အကိုင်အမျိုးအစားအလိုက် ရရှိခဲ့သောအတွေ့အကြုံနှင့် နည်းပညာများ၊ အတတ်ပညာများကို ပြည်တွင်း၌ မိမိနိုင်ငံအတွက်    စနစ်တကျပြန်လည်အသုံးချရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သက်ဆိုင်ရာ အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်လိုက်သည့်အလုပ်သမားများစတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်အထိ တာဝန်အပြည့်အဝရှိပေရာ မိမိနိုင်ငံသားများ အရေးကို မိမိတို့အရေးဟုမှတ်ယူကာ မေတ္တာ၊စေတနာဖြင့်လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။   ။