မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု

မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု

(၁၆)ကြိမ်မြောက်  အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16thASEAN Ministers' Responsible for Information and its related Meetings) (16th AMRI)ကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ စက်တင်ဘာ ၂၂ ရက်ကစတင်ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် မီဒီယာ-ခံနိုင်ရည်ရှိပြီး တုံ့ပြန်နိုင်စွမ်းအားကောင်းသော အာဆီယံအတွက် သတင်းအချက်အလက်မှသည် အသိပညာဆီသို့ 'Media:From Information to Knowledge for a Resilient and Responsive ASEAN'' ကိုမိတ်ဆက်ရှင်းလင်းပြောကြားပြီး  အဆိုပါ Theme နှင့်ပတ်သက်၍ ဒေသတွင်းပြန်ကြားရေးဝန်ကြီးများနှင့် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများက ၎င်းတို့၏ ဆန္ဒသဘောထားများ ကိုတင်ပြ ဆွေးနွေးခဲ့ကြသည်။

ခေတ်မီနည်းပညာများ တစ်ရှိန်ထိုးတိုးတက်လာနေသော ယနေ့အချိန်အခါတွင် မီဒီယာတို့၏ အခန်းကဏ္ဍမှာလွန်စွာ အရေးပါလာနေပြီဖြစ်သည်။ ယခုနှစ်ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး(AMRI)၏ဆောင်ပုဒ်အဖြစ်  မီဒီယာ-ခံနိုင်ရည်ရှိပြီး တုံ့ပြန်နိုင် စွမ်းအားကောင်းသော အာဆီယံအတွက် သတင်းအချက်အလက်မှသည်အသိပညာဆီသို့ဟု အိမ်ရှင်ဗီယက်နမ်နိုင်ငံမှ ရွေးချယ်ခဲ့မှုအပေါ် အာဆီယံ၏ဆောင်ပုဒ်ဖြစ်သည့် ''One Vision, One Identity, One Community''  ကဲ့သို့ပင် အာဆီယံနိုင်ငံအားလုံးက အမြင်ချင်းတူညီကြမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်းတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသော နိုင်ငံဖြစ်သည်။ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံထောင့်စုံတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ  ကိုဗစ်-၁၉ ကို အခြားနိုင်ငံများနည်းတူကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများဆိုင်ရာထုတ်ပြန်ချက်များနှင့် ကျန်းမာရေး အသိပညာပေး လမ်းညွှန်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ ကာကွယ်ဆေးများ ရက်ရောစွာလှူဒါန်းမှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့သို့ မေ ၁၄ ရက်က အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီလျှင် ၁၃၅ မိုင်နှင့် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း  မိုခါဝင်ရောက်တိုက်ခတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် လုပ်ငန်းကော်မတီ(၁၂)ရပ်နှင့်အတူ ဆိုင်ကလုန်းမုန်တိုင်းကာလအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများအားလုံးကို လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သည်။ ပြန်လည်နေရာချထားရေးနှင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများအားလုံးကို လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သည်။ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြသည့် မိတ်ဆွေနိုင်ငံများနှင့် အာဆီယံမိတ်ဆွေများ၏ ရက်ရောစွာ ပံ့ပိုးကူညီမှုများကိုလည်း မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိပါသည်။

ယနေ့အချိန်အခါတွင် အင်တာနက်အသုံးပြုမှုကြောင့် မီဒီယာစီးဆင်းမှုသည် မြန်ဆန်လာသည်။ တစ်ချိန်တည်းမှာပင် နည်းပညာနှင့်ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများသည် မီဒီယာအခင်းအကျင်းကို လျင်မြန်စွာပြောင်းလဲပုံဖော်လျက်ရှိသည်။ AI  Algorithms သည်အလွန်လက်တွေ့ကျသည့် အတုအယောင်အကြောင်းများကို ဖန်တီးနိုင်စွမ်းရှိသည်။ ကမ္ဘာ့လူသားအားလုံးသည် ကမ္ဘာ့ရွာကြီးပေါ်တွင် တန်းတူညီတူရပ်တည်နေကြခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ခံနိုင်ရည်နှင့် တုံ့ပြန်နိုင်စွမ်းကို အားကောင်းစေပြီး နိုင်ငံသားများအကြား ယုံကြည်မှုတိုးပွားစေသည့် ဒစ်ဂျစ်တယ်မီဒီယာပတ်ဝန်းကျင်ကို တည်ဆောက်ရာတွင် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုသည် အရေးပါသည် ဆိုသည့်အချက်ကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံသည်။

(၁၆)ကြိမ်မြောက်အာဆီယံပြန်ကြားရေးဝန်ကြီးများအစည်းအဝေးတွင် AMRI  ၏ ASEAN 2030 မှ မျှော်မှန်းချက်၊ ထုတ်ပြန်ချက်၊ ဒါနန်းကြေညာချက်၊  သတင်းအတု၊ သတင်းမှားတိုက်ဖျက်ရေးဆိုင်ရာ လမ်းညွှန်ချက်(TBC)၊ သတင်းတုများဆိုင်ရာ အာဆီယံလုပ်ငန်းအဖွဲ့(TFFN)၏ လုပ်ငန်းအစီအစဉ်များ၊ အာဆီယံ-တရုတ်သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး လုပ်ငန်းစီမံချက် သက်တမ်းတိုးခြင်း၊ အာဆီယံ+၃ သတင်းအချက်အလက်နှင့်မီဒီယာများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး လုပ်ငန်းစီမံချက် သက်တမ်းတိုးခြင်း၊ (၁၆)ကြိမ်မြောက် AMRI နှင့်ဆက်စပ် အစည်းအဝေးများ၏ ပူးတွဲထုတ်ပြန်ချက်များကို ဆွေးနွေးကာ အတည်ပြုကြကြောင်း ရေးသား လိုက်ရပေသည်။ ။