မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

 

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်

၁။     အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင် များ အထွတ်အမြတ်ထားရာ  ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် အခြားဘာသာ ရေးဆိုင်ရာ အဆောက်အဦများ ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများ ပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများ အပါအဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှုပေါင်းစုံကို ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ကြားသိ နေရသည်။

၂။   ယခုကဲ့သို့ ဘုရားစေတီများ၊ ရုပ်ပွားတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ များကို အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည့်   အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်း များအား မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က   ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေညာ အပ်ပါသည်။

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)