အကြမ်းဖက်သောင်းကျန်းသူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဉီများအား ဖျက်ဆီးမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏သဘောထားထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

        အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဉီများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ် ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည့်တို့ကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ ဗုဒ္ဓဘာသာဝင်များ ယုံကြည် ကိုးကွယ်ရာ ဘာသာ၊ သာသနာကို ယုတ်မာ ရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့်အတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အနေဖြင့် ပြင်းထန်စွာ­­­­ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)