မြောက်ဦး၊ ဘူးသီးတောင်နှင့် ပေါက်တောမြို့နယ်ရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ဟု မဟုတ်မမှန်သတင်းများ ဖြန့်ဝေလျက်ရှိ

 

မြောက်ဦး၊ ဘူးသီးတောင်နှင့် ပေါက်တောမြို့နယ်ရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ဟု မဟုတ်မမှန်သတင်းများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်ရှိ ကျေးရွာ များကို ဇန်နဝါရီလ ၁၅ ရက်တွင် တပ်မတော်မှလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media မှ မဟုတ်မမှန် သတင်းများ ကိုလူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍  အဆိုပါမြို့၊ ရွာများအနီး လုံခြုံရေးတာဝန်ထမ်းဆောင် နေသော တပ်ဖွဲ့ဝင်များကို AA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ၊ Drop Bomb များသည် ဒေသခံပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ AA သောင်းကျန်းသူများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုမှ တပ်မတော် အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက သတင်းတု သတင်းမှားများကို အချိန်ကိုက်ရေးသားဖြန့်ဝေကာ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။