တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာကို တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအဘွားတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာကို တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအဘွားတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာအနီးတွင် ဇန်နဝါရီ ၁၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးများသည် အဆိုပါ ကျေးရွာခြံများအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် သက်ကြီးပိုင်းအဘွားတစ်ဦး နှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ သောင်းကျန်းသူများက လက်လုပ် စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက နေ့စဉ်နှင့်အမျှ လူမှုကွန်ရက်များတွင် လုပ်ကြံရေးသားဖြန့်ဝေနေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။