ပြည်သူများ၏ ဆန္ဒနှင့်အညီ

 

ပြည်သူများ၏ ဆန္ဒနှင့်အညီ

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို  အတည်ပြုကျင့်သုံးလိုက်ခြင်းသည် လွန်စွာသင့်လျော် မှန်ကန်သည့် ဆောင်ရွက်ချက်ဖြစ်သည်။ နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံ့စွမ်းအားစုအားလုံးပါဝင်ကာကွယ် ရန် လိုအပ်လာသော အခြေအနေတွင် ကျင့်သုံးလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာ၏ဖြစ်စဉ်များကို နေ့စဉ် ထိတွေ့ကိုင်တွယ်ရသောအင်တာနက်စာမျက်နှာများ၊ ရုပ်မြင်သံကြားစက်များ၊ လူမှုကွန်ရက်စာမျက်နှာများ မှတစ်ဆင့်မြင်တွေ့နေကြရသည်။ ကမ္ဘာတွင်ငြိမ်းချမ်းရေး၊ လက်နက်ဖျက်သိမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးစသည့် နှစ်သက်သဘောကျဖွယ် ကောင်းသည့် ဟန်ရေးပြ မှုများကို တွေ့နေကြားနေရသော်လည်း ယနေ့သတင်းခေတ်၏ အကျိုးကျေးဇူးကြောင့် ဒေသအနှံ့တွင် ဖြစ်နေသည့် မငြိမ်သက်မှုများ၊ အင်အားကြီးနိုင်ငံအချို့၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အကြမ်းဖက် နှိမ်နင်းရေးအကြောင်းပြပြီး စစ်ပွဲများဆင်နွှဲလျက်ရှိသည်မှာ မြင်တွေ့နေရသည့် လုပ်ရပ်များ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်နေသည့်အစိုးရသည်  သူတို့မနှစ်သက်သည့် အစိုးရဖြစ်နေပါက အဆိုပါ နိုင်ငံများအပေါ်တွင် နည်းမျိုးစုံသုံးကာ ပိတ်ဆို့မှုများ၊ စမသထပ တမေ ကိုယ်စားစစ်ပွဲဆင်နွှဲမှုများ၊ လက်နက် ခဲယမ်းအသစ်ထုတ်လုပ်၍ စစ်အင်အားတိုးချဲ့နေမှုများကို များစွာမြင်တွေ့နေကြသည်။ အထူးသဖြင့်ပြည်တွင်း တွင်အကြမ်းဖက် လက်နက်ကိုင်များအား  ကြီးထွားလာရေးကိုအထောက်အကူပေးလျက်ရှိပြီး နိုင်ငံများတွင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့်ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် မိမိနိုင်ငံကိုကမ္ဘာ နှင့်အညီ ခေတ်နှင့်အမီဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေရသလို နိုင်ငံကြီးများ၏ ခေတ်သစ် ကိုလိုနီဝါဒနှင့် မိမိတို့နိုင်ငံအပေါ်၊ မိမိတို့၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးအပေါ် ထိပါးလာမှုများ၊ ထိုးဖောက် လာမှုများ၊ လွှမ်းမိုးနေမှုများအပေါ် အစွမ်းကုန်ကြိုးစားကာကွယ်နေကြရသည်။

ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် နိုင်ငံအများစုမှာ နည်းပညာမြင့်မားသည့်လက်နက်များ၊ စစ်သုံး ကိရိယာပြည့်စုံစွာ ကိုင်တွယ်နိုင်သည့် တပ်မတော်နှင့်လက်နက်ကိုင်တပ်ဖွဲ့များ အကန့်အသတ်ဖြင့်သာရှိ နိုင်သည့်အတွက် နိုင်ငံတော်ကာကွယ်ရန် နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ကာကွယ်ရန် လိုအပ်လာသည့် အခြေအနေဖြစ်သည်။ နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ အမျိုးသားစစ်မှုထမ်းစနစ်သာ ဖြစ်ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စီးပွားရေးနှင့် နိုင်ငံတော်လုံခြုံရေးများကို ဘက်ညီမျှစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ရသည့်လုပ်ငန်းလည်း ဖြစ်သည်။

နိုင်ငံတော်စစ်မှုထမ်းစနစ် ဆိုသည်မှာ ရေတိုဆောင်ရွက်ရသည့်လုပ်ငန်းမဟုတ်ဘဲ ရေရှည်တစိုက် မတ်မတ် ဆောင်ရွက်ရသည့်  စီမံချက်ဖြစ်သည်။  နိုင်ငံတော်၏ဥပဒေပြဋ္ဌာန်းချက်များ၊  တပ်မတော်မြင့်မားသည့်  စွမ်းဆောင်နိုင်မှု၊  ပြည်သူတစ်ရပ်လုံး၏မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အသိဉာဏ်ပညာမြင့်မားမှုများနှင့်  ကာကွယ်ရေးပညာကြွယ်ဝမှု၊  ကာကွယ်ရေးပညာတတ်ကျွမ်းမှုများ ပေါင်းစပ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသာ ဖြစ်ပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံအနေဖြင့် ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးရခြင်းမှာ ပထဝီနိုင်ငံရေးအခြေအနေ၊ ပထဝီနိုင်ငံရေး အနေအထားအရ ပါဝင်သည်။ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအနေအထားအရ အချက်အချာကျလှသည်။ အရေးပါလှသည်။

မြန်မာနိုင်ငံသည် ထိုသို့အချက်အချာကျပြီး အရေးပါသည့်အတွက်  အခွင့်အရေးရှိသကဲ့သို့ ခြိမ်းခြောက်မှုများလည်းရှိနေသည်။ အဆိုပါအခွင့်အရေးကို အရယူနိုင်ဖို့၊ ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ဖို့ လိုအပ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများအနေဖြင့် ကမ္ဘာတွင်ရေရှည်ရပ်တည်နိုင်ရန်အတွက် စီးပွားရေးအင်အားကို တည်ဆောက် ရသည့်အပြင် မိမိနိုင်ငံအင်အားကို လေးစားခံ့ညားရန်အတွက် ကာကွယ်ရေးအင်အားကိုလည်း တည်ဆောက်ကြရသည်။

ထိုသို့တည်ဆောက်လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးစွမ်းအား၊ နိုင်ငံ၏ကာကွယ်ရေးစွမ်းအား ဘက်ညီမျှတပြီး ခြိုးခြံချွေတာနိုင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်တည်ဆောက်ကြရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးခြင်းအားဖြင့် ကာကွယ်ရေးစွမ်းပကားအသင့် ဖြစ်မှုများ၊ စစ်ဘက်/အရပ်ဘက်ဆက်ဆံရေး ပိုမိုကောင်းမွန်မှုများ၊ စစ်ဘက်ကို အရပ်ဘက်ကနားလည် နိုင်စွမ်း၊ အရပ်ဘက်ကို စစ်ဘက်ကနားလည်နိုင်စွမ်း ပိုမိုမြင့်မားတိုးတက်လာမှာဖြစ်ပါသည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ  ပြည်သူများ၏ဆန္ဒဖြစ်သည့်  စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်ရန်အတွက် ပထမဦးဆုံးလိုအပ်သည့် အခြေခံအုတ်မြစ်လည်းဖြစ်သည်။ ထို့အတွက် လွတ်လပ်၍ တရားမျှတသော  သိက္ခာရှိသည့် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးရန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ပင်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကို ရွံရှာမုန်းတီးသည့်အတွက် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးတွင် ၎င်းတို့ကိုယ်တိုင်ပါဝင်ရန် တောင်းဆိုလာကြသည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ခြင်းမှာ ပြည်သူ့ဆန္ဒအမှန်ဖြစ်ပါကြောင်း။   ။