အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ ကျင်းပ

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ ကျင်းပ

 

နေပြည်တော်   မတ် ၂၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည်   အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊   အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ   ပူးပေါင်းပါဝင်လာစေရန်၊  အဂတိလိုက်စားမှုကို   လုံးဝလက်မခံသည့်  လူမှုအသိုက်အဝန်းတစ်ခု   တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ၊ ဆရာမများ၏  အခန်းကဏ္ဍကို  မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဆရာ၊  ဆရာမမွမ်းမံသင်တန်းများတွင် အသိပညာပေး ဆွေးနွေးခြင်း အစီအစဉ်များကို   ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပျဉ်းမနားမြို့၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ထားဝယ်မြို့၊ မကွေးမြို့၊ ပုသိမ်မြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။