တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်ရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ် များအား ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေး

နေပြည်တော်၊ သြဂုတ် - ၁၃

 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်နယ် ဆေးရုံမှ ဆေးအဖွဲ့က ကလေးငယ် ၄၀၄ ဦးကို ဗီတာမင်(အေ)နှင့် သန်ချဆေးများ တိုက်ကျွေး ကြသည်။

 

ထိုသို့ ဗီတာမင်(အေ)နှင့် သန်ချဆေး တိုက်ကျွေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သန်ချဆေး ကိုယ်တိုင် ပါဝင်တိုက်ကျွေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။