စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက် ကြည့်ရှု စစ်ဆေးနိုင်ရေး ထပ်မံအသိပေး နှိုးဆော်ခြင်း

နေပြည်တော်  သြဂုတ်  ၁၁

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင် စာရင်းများကို ၈-၈-၂ဝ၂ဝ ရက်မှ ၁၄-၈-၂ဝ၂ဝ ရက် အထိ ရက်ထပ်မံ တိုးမြှင့်ကပ်ထားကြေညာ ထားရှိမှု၊ တပ်မတော် ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတို့ရှိ တပ်တွင်းနေ တပ်မိသားစုဝင်များ၏ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားမှုများကို ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိမှုနှင့် တပ်ပြင်နေတပ်မတော်သား မိသားစုဝင်များလည်း မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးခြင်းများကို သက်ဆိုင်ရာ နေရာအလိုက် ပြုလုပ်သွားနိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို သြဂုတ် ၈ ရက်နေ့တွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

၂။      ထို့အတူ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များအနေဖြင့် မိမိ အမည် မဲစာရင်းတွင် ပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက် ပြင်ဆင်လိုပါက ပုံစံ(၄-ဂ) ဖြင့် ဖြည့်စွက် ပြင်ဆင်ခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် နှင့်အညီ ဆောင်ရွက် နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရန် သက်ဆိုင်ရာသို့ အချိန်မီ သတင်းပို့ တင်ပြနိုင်ရေး မဲဆန္ဒရှင် စာရင်း ကြည့်ရှု စစ်ဆေးခြင်းများနှင့် သတင်းပို့ တင်ပြခြင်းများ ပြုလုပ်သွားရန် ထပ်မံ အသိပေးနှိုးဆော် အပ်ပါသည်။   

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့