ကျောက်ထုမြို့၌ ဆောင်းသီးနှံအဖြစ် မြေပဲများစတင်စိုက်ပျိုး

ကျောက်ထု၊ စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့၌ ဆောင်းသီးနှံအဖြစ် မကွေး(၁၆)မြေပဲကို စိုက်ပျိုး နေကြပြီဖြစ်ကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“သဘာဝမြေသြဇာကိုသာ အဓိကထား သုံးစွဲပါတယ်။ အထွက်နှုန်းကောင်း၍ ရာသီဥတုဒဏ်ခံနိုင်သည့်     မကွေး(၁၆)မြေပဲမျိုးကို စိုက်ပျိုးထားပါတယ်။ မျိုးသန့်မျိုးပွား စိုက်ပျိုးနိုင်ရန် ရည်ရွယ်စိုက်ပျိုးခြင်း ဖြစ်ပါ တယ်” ဟု ကျောက်ထုမြို့ လေးကျေးရွာမှ တောင်သူဦးမော်ဟိန်းက ပြောသည်။

ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြေပဲစိုက်ခင်းများအရောက် ကွင်းဆင်း၍ ဆောင်း သီးနှံမြေပဲများ စိုက်ပျိုးကြရာတွင် တစ်ဧကလျှင် မျိုးစေ့၃၂ ပြည် စိုက်ပျိုးရကြောင်း၊ တစ်ဧက အထွက်နှုန်း တင်းပေါင်း ၈၀ ရှိ၍ ဒေသပေါက်ဈေး အတောင့်တစ်တင်းလျှင် ငွေကျပ် ၁၂၀၀၀ ဈေးရှိပြီး အခြားမြို့များသို့ တင်ပို့ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။

ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြေပဲစိုက်ခင်းများအရောက် ကွင်းဆင်း၍ ရေသွင်း၊ ရေထုတ်နည်းများ၊ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ပိုးမွှားဒဏ်ကာကွယ်နိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးကြ ကြောင်းနှင့် ကျောက်ထုဒေသတွင် မြေပဲဧက ၂၀၀၀ ကျော်စိုက်ပျိုးကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဦးကျော်မြင့်ထံမှ သိရသည်။

တောင်သားမောင်သန်း