တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် သန်း ၃၈၀ ကျော်ရရှိ၍ ရောင်းဝယ်မှု ပြန်လည်မြင့်တက်လာ

ရန်ကုန်၊ စတော့ရှယ်ယာ

ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်တာကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင် ကုမ္ပဏီများမှ စတော့ရှယ်ယာရောင်းဝယ်မှု ငွေကျပ်သန်း ၃၈၀ ကျော်ရရှိ၍ ရောင်းဝယ်မှု ပြန်လည်မြင့် တက်လာကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီခြောက်ခုမှ ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်တာ ကာလအတွင်း စတော့ရှယ်ယာအစောင်ရေ ၄၄၉၄၁ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၃၈၀၇၀၂၁၅၀ ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီခြောက်ခုမှ စတော့ရှယ်ယာ အစောင်ရေ ၁၉၁၅၂ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၈၈၀၄၃၈၀၀ အရောင်းအဝယ်ရှိ၍ ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာအစောင်ရေ ၃၀၂၆၉ စောင်မှ စတော့ရှယ် ယာတန်ဖိုး ငွေကျပ် ၁၇၁၂၃၆၀၅၀ အသီးသီးရောင်းဝယ်မှုရှိခဲ့သဖြင့် ဒီဇင်ဘာလအစပိုင်းကာလများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ရောင်းဝယ်မှုများ တဖြည်းဖြည်းပြန်လည်မြင့် တက်လာသည်။

ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုချင်းစီ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုကိုကြည့်မည်ဆိုပါက စတော့အိတ်ချိန်း၏ ပထမဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်သည့် First Myanmar Investment Public Co., Ltd.(FMI) အနေဖြင့် စတော့ရှယ်ယာ အစောင်ရေ ၄၂၆၅ စောင်မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၄၂၀၃၃၆၀၀ အရောင်းအဝယ်ရှိခဲ့သည်။

Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) အနေဖြင့် စတော့ရှယ်ယာ အစောင်ရေ ၁၅၅၅၁ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၅၈၀၅၅၉၅၀ အရောင်းအဝယ်ရှိခဲ့သည်။

Myanmar Citizens Bank (MCB) အနေဖြင့် စတော့ရှယ်ယာအစောင်ရေ ၇၇ စောင်မှ  စတော့ရှယ်ယာတန်ဖိုး  ငွေကျပ် ၆၄၆၃၀၀ အရောင်းအဝယ်ရှိခဲ့သည်။

First Private Bank Limited (FPB) အနေဖြင့် စတော့ရှယ်ယာအစောင်ရေ ၁၀၅၁၆ စောင်မှ စတော့ ရှယ်ယာတန်ဖိုး ငွေကျပ် ၂၃၆၆၀၈၅၀၀ အရောင်းအဝယ်ရှိခဲ့သည်။

TMH Telecom Public Co., Ltd. အနေဖြင့် စတော့ရှယ်ယာအစောင်ရေ ၁၁၅၈၉ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၃၂၄၃၇၆၅၀ အရောင်းအဝယ်ရှိခဲ့ပြီး Ever Flow River Group Public Co., Ltd. (EFR) အနေဖြင့် စတော့ရှယ်ယာအစောင်ရေ ၂၉၄၃ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၀၉၂၀-၁၅၀   အသီးသီး အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

Kaykay