ယနေ့ ထုတ်ပြန်ချက်အရ  COVID-19 ရောဂါပိုး တွေ့ လူနာ ၉၆၄ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၂

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက် ၍ သတင်း ထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာ ၉၆၄ ဦးနှင့် သေဆုံးသူ ၁၉ ဦးရှိကြောင်း သိရသည်။

(၂၁-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲ စစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြု လူနာ ၈၄၈ဦး၏   မြို့နယ် အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၅  နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၁-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၂၂-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃၄၈၅ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ်  ၉၆၄ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။