အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံတင်ပို့ရက် ကုန်ဆုံးခါနီးဖြစ်သောကြောင့် ပဲစင်းငုံဝယ်လိုအား ကျဆင်းလာ

မန္တလေး၊ စီးပွားရေး

အိန္ဒိယနိုင်ငံသို့ ကိုတာစနစ်ဖြင့် ပဲစင်းငုံတင်ပို့မည့်ရက် ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် ဈေးကွက်အတွင်း ဝယ်လိုအား လျော့နည်းလာပြီး ဈေးနှုန်းကျဆင်းလာကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည် စက်ပိုင်များ  မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေ၏ ပြောဆိုချက်အရ သိရသည်။

အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံစုံမှ ပဲစင်းငုံတန်ချိန်လေးသိန်းကို ဒီဇင်ဘာ ၃၁ ရက်တွင် အိန္ဒိယ ဆိပ်ကမ်း အရောက်တင်ပို့ရန်  လိုင်စင်ချထားပေး ခြင်းဖြစ်သည်။

အိန္ဒိယဆိပ်ကမ်းအရောက် ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထားတင်ပို့ရမည်ဖြစ်ရာ လတ်တလောတွင် အချိန် နီးကပ်နေပြီ ဖြစ်သောကြောင့် ဝယ်လိုအားကျဆင်းနေ ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုတာဖွင့်ပြီးတော့ ဈေးတက်သွားပြီး အခု ကိုတာတင်ပို့မယ့်ရက်ကုန်ခါနီးတော့ ဈေးကျသွားတယ်။ လိုင်စင်ချတာက အစပိုင်းက တစ်လတည်းချတာကနေ သက်တမ်း နှစ်လထပ်တိုးပေးလိုက်တာပါ။ မြန်မာ နိုင်ငံက ဘယ်လောက်တင်ပို့နိုင်လဲဆိုတဲ့ စာရင်းတော့ အခုထိမသိသေးဘူး။ သင်္ဘော တင်အနေနဲ့  အတိအကျ မထွက်လာသေးဘူး”ဟု ဦးမျိုးဆွေက ပြောသည်။

ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံ အပြင် အာဖရိကနိုင်ငံများကပါ တင်ပို့လေ့ရှိရာ လက်ရှိတွင် မြန်မာ နိုင်ငံမှ တင်ပို့ နိုင်သည့်စာရင်းကို မသိရှိနိုင်သေးကြောင်းနှင့် မြန်မာနိုင်ငံမှ ပဲစင်းငုံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ အိန္ဒိယနိုင်ငံသို့တင်ပို့ နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပဲစင်းငုံသုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၆၆၀၀၀ သာရှိပြီး လိုင်စင်စဖွင့်ခဲ့သည့်   အောက်တိုဘာလ အတွင်းက ငွေကျပ် ၉၆၀၀၀ ရှိခဲ့ကြောင်း သိရသည်။                   

နေနေ