ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်ရှိ ကြက်မင်းဘုရား စေတီတော်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၅
    
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်ရှိ ကြက်မင်းဘုရား စေတီတော် ရင်ပြင်တော်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေး အတွက် ယနေ့နံနက်ပိုင်း တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ထားဝယ်တပ်နယ်မှ တပ်မတော်သားများက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးသည်။
    
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ဘုရားရင်ပြင်တော်နှင့် စောင်းတန်းနေရာများအား သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ပတ်ဝန်း ကျင်နေရာများရှိ ချုံနွယ်၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန် စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။