အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၅
    
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ကာလိမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကွန်ဟိန်း)၊ မိုင်းရှူးမြို့၊ အခြေခံပညာအလယ် တန်းကျောင်းနှင့် မိုင်းကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတို့၌ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးကြသည်။
    
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း၌ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ကျောင်းရေသန့်စက်ပြုပြင် တပ်ဆင်ပြီးစီးမှု အခြေအနေများကို လိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။