ဆူးလေ-လေဆိပ် ပြေးဆွဲပေးနေသောယာဉ်လိုင်းနှင့် အောင်မင်္ဂလာအဝေးပြေး ပြေးဆွဲနေသော ယာဉ်လမ်း ကြောင်းနှစ်ခု ချိတ်ဆက်ပြေးဆွဲနိုင်ရန်စီစဉ်

ရန်ကုန်၊ ပို့ဆောင်ရေး

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရပ်နားထားသည့် ဆူးလေ-လေဆိပ် ပြေးဆွဲပေး နေသော ယာဉ်လိုင်းနှင့် အောင်မင်္ဂလာအဝေးပြေး ပြေးဆွဲနေသော ယာဉ်လမ်းကြောင်းနှစ်ခုကို ယခုအခါ ချိတ်ဆက်ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းနှစ်ခုကိုပေါင်းပြီး အောင်မင်္ဂလာအဝေးပြေး -ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်-ဆူးလေ ချိတ်ဆက် ပြေးဆွဲသည့် ယာဉ်လိုင်းတစ်ခုအဖြစ် ပြေးဆွဲနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“အဲဒီလမ်းကြောင်းတွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ ပြေးဆွဲတဲ့လမ်းကြောင်းတွေပါ။    အဲဒီလမ်းကြောင်းတွေကို ဒီလိုချုံ့ပြီးပြေးဆွဲခွင့်ပြုပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကပြောသည်။

ယခုအခါ ခရီးသည်စီးနင်းမှုမှာလည်း အနည်းငယ်သာရှိသဖြင့် ယခုကဲ့သို့ ခရီးစဉ်လမ်းကြောင်းများကို ချိတ်ဆက် ပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ ခရီးစဉ်လမ်းကြောင်းများကို ချိတ်ဆက်ပြေးဆွဲမည်ဖြစ် သော်လည်း ယာဉ်စီးခကို မူလယာဉ်စီးခအတိုင်း ငွေကျပ် ၅၀၀ ဖြင့်သာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရ သည်။

ယင်းခရီးစဉ်လမ်းကြောင်းအပြင် YBS ၈၂ ယာဉ်လိုင်းကိုလည်း မူလခရီးစဉ်လမ်းကြောင်းဖြစ်သည့် လှိုင်သာ ယာ-သာကေတ တိုင်းရင်းသားကျေးရွာကို ချိတ်ဆက်ပြေးဆွဲနေရာမှ လှိုင်သာယာ-ဗိုလ်တထောင်သို့ ပြောင်းလဲချိတ်ဆက်ပြေးဆွဲပေးမည်ဖြစ်သည်။

အဆိုပါခရီးစဉ်များ ချိတ်ဆက်ပြေးဆွဲခြင်းနှင့် ပြောင်းလဲပြေးဆွဲခြင်းများ ပြုလုပ်ရန် သက်ဆိုင်ရာသို့ တင်ပြ ထားပြီး ခွင့်ပြုမိန့်ကျသည်နှင့် ချိတ်ဆက်ပြေးဆွဲခြင်း၊ ခရီးစဉ်ချုံ့ပြေးဆွဲခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း  သိရသည်။                      

kaykay