ယနေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၅၈၇ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၃ဝ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ည ၈နာရီတွင်  COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ  ၅၈၇ ဦးနှင့် သေဆုံးသူ ၂၇ ဦးရှိကြောင်း သိရသည်။

(၂၉-၁၂-၂ဝ၂ဝ)ရက်  ဓာတ်ခွဲစစ်ဆေးမှုများတွင်  တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၆၁၉ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်း ထုတ်ပြန်ခဲ့သည်။

(၂၉-၁၂-၂ဝ၂ဝ)ရက် ည၈နာရီမှ (၃ဝ-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇ဝ၁ဝ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၈၇ ဦးတွေ့ရှိရကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက  သတင်းထုတ်ပြန် ထားသည်။