(၁၉)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၇

(၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ပတ္တမြား ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်  တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးသို့  အစိုးရ၊ လွှတ်တော်၊  တပ်မတော် အစုအဖွဲ့မှ  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊   ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊  ပြည်ထောင်စုဝန်ကြီး  ဦးမင်းသူ၊ ့ UPDJC အဖွဲ့ဝင် များဖြစ်ကြသည့်  ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊  ဦးသိန်းဆွေ၊ ဒေါက်တာ ဝင်းမြတ်အေး နှင့်  နိုင်သက်လွင်၊  ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး   ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မောင် သောင်းနှင့် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း (CNF)၊ စဝ်စိုင်းငင်း (RCSS) ၊ ဦးမျိုးဝင်း (ABSDF) ၊  စောမြ ရာဇာလင်း (ALP)၊ ပဒိုစောတာဒိုမူး (KNU)၊ ခွန်မြင့် ထွန်း (PNLO)၊ စောစိန်ဝင်း (DKBA)၊ ၊ စောကျော်ညွန့် (KNU/ KNLA PC)၊ နိုင်အောင်မင်း (NMSP)၊  ကြာဆော်လမွန် (LDU)၊ မိဆူးပွင့် (ABSDF)၊ ဆလိုင်းထ လာဟေး (CNF)၊ ဒေါက်တာ စိုင်းဦး (RCSS)၊ စောစမစ်ဒွန်း (DKBA)၊ ခိုင်လင်းခိုင် f(ALP)နှင့် ပဒိုစောအယ်ကလူစေး (KNU) ၊ နိုင်ငံ ရေးပါတီများ အစုအဖွဲ့မှ  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ(ဒီမိုကရက်တစ်ပါတီ (မြန်မာ))၊ ဦးနိုင်ငံလင်း (NLD)၊ ဦးမြင့်စိုး (USDP)၊ စိုင်းကျော်ညွန့် (SNLD)၊ တာလှဖေ (တအာင်း(ပလောင်))၊ ဦးသိန်းထွန်း (NUP)၊ ဦးအောင်ကြည်ညွန့် (NLD) ၊  ဒေါက်တာ အောင်မြတ်ဦး (USDP)၊ ဦးဦးလှစော (ANP)၊ ခွန်ထွန်းရွှေ (PNLO) ၊ ဦးဇမ်ဇမုန် (ဇိုမီး ဒီမိုကရေစီပါတီ)၊ ဦးရွှေမင်း(လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ(ဒူးလေး ပါတီ))၊ ဒေါက်တာ တူးဂျာ(ကချင်ပြည်နယ် ပြည်သူ့ပါတီ)၊ နိုင်တလညီ (မွန်ညီညွတ်ရေး ပါတီ)၊ ဒေါ်ရင်ရင်မေ(ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ)၊ စောထွန်းအောင်မြင့် (ကရင်ပြည်သူ့ ပါတီ)နှင့် တာဝန်ရှိ သူ များ တက်ရောက်ကြသည်။

အစည်းအဝေးတွင်   ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) ဥက္ကဋ္ဌ  နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ  ဒေါက်တာဆလိုင်း လျန်မှုန်း ဆာခေါင်း က မိမိတို့သည် ကိုဗစ်-၁၉ ကာလတွင်  တွေ့ဆုံပြီး ကမ္ဘာကြီးတွင် မည်သို့ကပ်ဆိုက်မှု မျိုးကြုံတွေ့နေပါစေ  မိမိတို့ တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် များစွာအရေးကြီးသည် ဆိုသည့် ခံယူချက်ဖြင့် ယခုအစည်း အဝေးကို ကျင်းပနေရခြင်းဖြစ်ပါကြောင်း။

မိမိတို့ UPDJC၏ အဓိကတာဝန်သည် NCA စာချုပ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသော ''နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန် ကြီးကြပ်'' ရန်ဖြစ်ပါကြောင်း၊ ယင်းနိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့် ၏  အဓိက ဦးတည်ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေး ပွဲရလဒ်များနှင့်အညီ တည်ဆောက်သွား ရန်ဆိုသည့်အချက်ဖြစ်ပါကြောင်း၊ ယင်းဦးတည်ချက်နှင့် အတူ ဒီမိုကရေစီ နှင့်ဖက် ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်နေသော ဒီမိုကရေစီ အခြေခံမူများနှင့်   ဖက်ဒရယ် အခြေခံမူများ ဖော်ထုတ်ရေးသည် မိမိတို့ UPDJC ၏ တာဝန်ဖြစ် ပါကြောင်း။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပြီဆိုပါက  မိမိတို့ တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရရှိမည်ဟု ယုံကြည်ထားပါကြောင်း၊ နှစ်ပေါင်း(၇ဝ)ကြာပြီဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း စေရမည်ဟု ယုံကြည်ပါကြောင်း၊ သန္နိဋ္ဌာန်လည်း ချထားပါကြောင်း၊ သို့သော် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများကို ဖော်ထုတ်ရန်ကြိုးပမ်းရင်း  မိမိတို့နိုင်ငံရေး ဆွေးနွေးပွဲ များသည် တစ်ဆို့မှု များနှင့် ခဏခဏ ကြုံတွေ့ နေရပါကြောင်း။

စိုးရိမ်မှုနှင့် ငြိမ်းချမ်းရေးဆိုသည့် စကား လုံးနှစ်လုံး၏ အားပြိုင်မှုကြားတွင်  တစ်ဆို့မှုများကို မကြာခဏ ရင်ဆိုင် နေရ ပါကြောင်း၊ သို့သော်  နောက်ဆုံးသော နေ့တွင်  ငြိမ်းချမ်းရေးကသာ အနိုင်ရမည်ဟု ယုံကြည်ပါ ကြောင်း၊ ငြိမ်းချမ်းရေးသာ အောင်ပွဲခံနိုင် မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးဖြင့်ပင် စိုးရိမ်မှုကိုကျော်လွှား နိုင်မည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အားလုံးက ငြိမ်းချမ်းရေး ရစေရမည်ဟု သန္နိဋ္ဌာန်ချပြီး ဆက်လက် ကြိုးစားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက လွန်ခဲ့သည့် နှစ်ရက်က မိမိတို့နိုင်ငံရေး ပါတီအစုအဖွဲ့ကို အစိုးရနှင့် EAO မှတာဝန်ရှိ ပုဂ္ဂိုလ်များက ထူးခြားသည့် ငြိမ်းချမ်းရေး အခြေအနေများကို ရှင်းပြကြပါကြောင်း၊ ထိုသို့ရှင်းပြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် အောင်မြင်မှု အတွက် ဝမ်းသာပါကြောင်း။

မိမိတို့အားလုံးသည် ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ရန် သန္နိဋ္ဌာန်ချထားသူများ ဖြစ်ပါကြောင်း၊  အဓိက အနေဖြင့် ငြိမ်းချမ်း ရေးရလဒ် ကောင်းရန် အရေးကြီး ပါကြောင်း၊ ရလဒ်ကောင်းရန်   မိမိတို့ အချင်းချင်း စိတ်ဝမ်း မကွဲဘဲ ညီညွတ်ရမည်ဖြစ်ပါကြောင်း၊ ညီညွတ်မှ အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ရရှိရေး၊ ထာဝရတည်တံ့ခိုင်မြဲရေးနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားရေးအတွက် အလွန်ကြီး မားသည့် မျှော်မှန်းချက်ထားရှိ သူများဖြစ်သည့်အတွက် စွန့်လွှတ်စွန့်စား သည့်စိတ်ဓာတ်ကို မွေးမြူနိုင်ကြ ရမည်ဖြစ် ပါကြောင်း၊ စာအုပ်တွင် ရေးသားထားသည့် အစီအစဉ်များသည် ပြည့်စုံသလောက်ရှိပါ ကြောင်း၊ လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးသည် ထူးခြားသည့် exceptional work  ဖြစ်ပါကြောင်း၊ အားလုံးကိုလည်း ထူးချွန်သူများ (exceptional men)  ဖြစ်စေ လိုပါကြောင်း၊ မိမိတို့ပြည်ထောင်စုကြီးအတွက်  ဂုဏ်ယူကြရန်ပြောကြား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အစည်းအဝေး အစီအစဉ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့်နေ့ရက်နှင့် ကိုယ်စားလှယ်ဦးရေသတ် မှတ်အတည်ပြုခြင်း၊ UPDJC အဖွဲ့ဝင်အစား ထိုးပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ (၉)ကြိမ် မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး၌ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီ ချက်များဖြစ်သည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာမူဘောင် သဘော တူညီချက်များ၊ ၂ဝ၂ဝ အလွန် အဆင့်လိုက်လုပ်ငန်း စဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများ(ဇယား-၁)၊ ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များကို အတည်ပြုခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း(၃)၏  အပိုင်း(၁)  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ သဘောတူ ညီချက်အမှတ် ၈၊ အမှတ် ၁၁ နှင့် အမှတ် ၁၂(က)နှင့်စပ်လျဉ်း၍ အကောင်အထည် ဖော်ရေး ကိစ္စ တင်ပြခြင်း၊ ညီလာခံ၌့  UPDJC  နှင့် JMC အစီရင်ခံစာ များ တင်သွင်းရေးကိစ္စ ဆွေးနွေးအတည် ပြုခြင်း၊ ညီလာခံရက် အလိုက် အစီအစဉ်နှင့် ကျင်းပမည့် ပုံစံ၊   ညီလာခံ ပထမနေ့အစီ အစဉ်၊ ညီလာခံ သဘာပတိများ ကိစ္စ၊ ညီလာခံ တွင် လုပ်ငန်း တာဝန်ခွဲဝေမှုနှင့် ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ရှင်းလင်း တင်ပြခြင်းနှင့် အထွေထွေ ကိစ္စရပ်များ ဆွေးနွေးအတည် ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု  ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက  နိဂုံးချုပ် အမှာ စကား ပြောကြားရာတွင် ယနေ့ (UPDJC)  အစည်းအဝေးသည် အေးအေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်ဖြင့် အားရစရာ၊ ဝမ်းသာ စရာကောင်းသည်ဟု ပြောလိုပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြား သွားသည် များကို ခြုံပြီးကြည့်ပါက မိမိတို့ တောင့်တ မျှော်လင့်နေကြသည့် ငြိမ်းချမ်းရေးအတွက် အားတက်ရပါ ကြောင်း၊ မိမိ တို့တည်ထောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအတွက်လည်း စိတ်ချပြီး ဝမ်းမြောက် ပါကြောင်း၊ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း ပြောကြားသည်များကို ခြုံကြည့်လိုက်မည် ဆိုပါက ပြည်ထောင်စုကြီး အတွက်၊ တိုင်းရင်းသား ပြည်သူများအတွက် အကြံဉာဏ်ကောင်းများ ပါသည့်အတွက်  ပြည့်စုံ သည်ဟု ဆိုချင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကလည်း အများပြည်သူကိုယ်စား ငြိမ်းချမ်းရေး သတင်းကောင်း များ ကြားရသည့်အတွက်  ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း။

ယခုကဲ့သို့ (၂၁)ရာစု ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကြီး ကျင်းပနိုင်မည်ဖြစ်သည့်အတွက် များစွာဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းရေးဆုလာဘ်ကိုမျှော်လင့်စောင့်စား နေကြ သည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး သက်ဆိုင်သူ များအနေဖြင့် ငြိမ်းချမ်းရေး ရရှိအောင် စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ် လျက်ရှိပါကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ပန်းတိုင်သို့ရည်မှန်းပြီး အရောက်လှမ်းနေကြပါကြောင်း၊ ယခုဆိုလျှင် ညီလာခံ စခန်းကိုရောက်ရှိ လာပြီဖြစ်၍ ပန်းတိုင်နှင့် နီးကပ်လာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး အောင်လံကို ဆွတ်ခူးနိုင်ရန် ညီလာခံ ကိုယ်စားလှယ်များလည်း ပူးပေါင်း ပါဝင်အားထုတ်ကြမည် ဖြစ်ပါကြောင်း၊ ယခုကာလတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းသည် အလွန်ခက်ခဲသည့်လုပ်ငန်းဖြစ်ပါကြောင်း၊  ငြိမ်းချမ်းရေး လုပ်ငန်းများကို အကောင် အထည် ဖော်ဆောင် ရွက်နေသူများ အနေဖြင့် အမှန်တကယ်ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ စိတ်ရှည်၊ သည်းခံရမည် ဖြစ်ပါကြောင်း၊ မှန်တာလုပ်သည်၊ ကောင်းတာလုပ်သည်ဆိုရုံဖြင့် မလုံလောက်ပါကြောင်း၊ ကောင်း ရန်၊ မှန်ရန် လိုအပ်သကဲ့သို့ အများကလည်း လက်ခံသဘောတူရန်လိုအပ် ပါကြောင်း၊ ရိုးသားဖြောင့်မတ်ပြီး  ရှင်းရှင်း လင်းလင်း နားလည်အောင်ပြောတတ်သည့် အရည်အချင်းရှိရန်လည်း လိုအပ်ပါကြောင်း၊ အားလုံးအတွက် ငြိမ်းချမ်းရေးကို အဟန့် အတားမဖြစ်စေဘဲ ငြိမ်းချမ်းရေးအကျိုးဖြစ် ထွန်းအောင် မိမိတို့အားလုံး ညီညီညွတ်ညွတ် ဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် နိုင်ကြပါစေဟု ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု  ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ယနေ့ကျင်းပသည့် အစည်း အဝေးသည် အောင်မြင်သည့်အစည်းအဝေး ဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက်ကိုးချက်နှင့် မှတ်တမ်းတင်ခြင်းတစ်ခုကို လုပ်နိုင်ခဲ့ပါကြောင်း၊

ထို့ပြင်  ယခုကဲ့သို့  အောင်မြင်အောင် ဆောင်ရွက်ပေးကြသည့် JICM ခေါင်းဆောင်ကြီးများနှင့် JICM  အလုပ် အဖွဲ့ကိုလည်း မှတ်တမ်းတင်သည့် အကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိမိတို့ကို ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါကြောင်း၊ အဖွဲ့အသီးသီးမှ သီးခြား ညီလာခံများ၊ ဆွေးနွေးမှုများ ပြုလုပ်ပြီး လက်ခံသင့်သည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါကြောင်း၊ မိမိတို့ ချင်းအမျိုးသား တပ်ဦးမှလည်း ၂ဝ၁၁ခုနှစ် နိုဝင်ဘာလတွင် ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ပါဝင်ရန်  အစီအစဉ် ရှိသည့် အတွက် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လာ ခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တစ်ခါမျှ လက်နက် မကိုင်ခဲ့ဘူး ပါကြောင်း၊ ပွင့်ပွင့် လင်းလင်း ပြောရမည်ဆိုပါက လက်နက်ကိုင် လမ်းစဉ်ထက် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရန် ပိုမိုလိုလားပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပြဿနာကို  စစ်မြေပြင်တွင် မဖြေရှင်းဘဲ ယခုကဲ့သို့ မျက်နှာ ချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး  အဖြေရှာခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း။

မိမိတို့ JICM  အစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းတွင် စေတနာမှန်ရမည်၊   ဉာဏ် ပညာရှိ မည်၊ သတ္တိလည်းရှိရမည်ဆိုသည့် စကားပါ ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး စေတနာ မှန်မှန်ဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်း ရန်အတွက် ဆက်လက်ဝိုင်းဝန်းပြီး လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုး ဝင်းက ယနေ့ UPDJC  အစည်းအဝေးတွင် ဆုံးဖြတ်ချက်ပေါင်း ၉ ချက်ကို တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်နိုင် ခဲ့ပါကြောင်း၊ ယင်း ဆုံးဖြတ်ချက်များသည်  လာမည့်သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ အစည်းအဝေးများ အောင်မြင်စွာ  ကျင်းပနိုင်ရေး အတွက် အဓိကတာဝန်ယူရ သည့့် UPDJC  ၏ သန္နိဋ္ဌာန်ကိုဖော်ပြနေ သည်ဟု ဆိုနိုင်ပါကြောင်း။

ပထမဆုံးအချက်အနေဖြင့် ပြောကြားလို သည်မှာ ယနေ့ကြိုးပမ်း ဆောင်ရွက်နေသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပါကြောင်း၊ မိမိ တို့နိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်၊ ငြိမ်း ချမ်းရေး ရရှိရန်နှင့် အမျိုးသားပြန်လည်ရင် ကြားစေ့နိုင်ရန့် UPDJC က ဆောင်ရွက် လျက်ရှိသည့် နိုင်ငံရေး ဆွေးနွေးပွဲ များသည် အထူးပင်အရေးကြီးလှပါကြောင်း၊ UPDJC  သည် အစုအဖွဲ့ (၃)ဖွဲ့ အညီအမျှ ပါဝင် ဖွဲ့စည်းထားသည့်  သုံးပွင့်ဆိုင် ကော်မတီ ဖြစ်ပါကြောင်း၊ အစုအဖွဲ့တစ်ဖွဲ့ချင်း၏ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုကို ထွက်ပေါ်လာသည့် အစည်းအဝေး ဆုံးဖြတ်ချက် ရလဒ်များက ဖော်ပြနေပါ ကြောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ မိမိတို့ UPDJC အဖွဲ့ဝင်များသည် ဆွေးနွေးပွဲတွင် ငြင်းခုန်သော်လည်း တစ်ဦးနှင့်တစ်ဦး အခင်အမင် မပျက် ရင်းနှီးမှုမပျက် လုပ်ဖော် ကိုင်ဖက်များ ငြိမ်းချမ်းရေး ဖော်ဆောင်သူများ အနေဖြင့် နားလည်မှုရှိရှိ ဆောင်ရွက် နိုင်ကြသည့်အနေအထားကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက့် UPDJC အနေဖြင့် ရှေ့ကို ဆက်ပြီး ကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခရှည်ကြာ ခဲ့သည်နှင့် အမျှ သဘောထားကွဲလွဲမှုများ ပိုမိုမြင့်မားလာပြီး နိုင်ငံရေးအရစေ့စပ် ညှိနှိုင်းဆွေးနွေးရန် ပိုမိုခက်ခဲလာတတ်ကြ ပါကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနိုင်သည့် အခွင့်အရေးများပိုမိုလမ်း ပွင့်လာသည်နှင့်အမျှ  ပစ်ခတ် တိုက်ခိုက်မှုများ လျော့နည်းကျဆင်း သွားလေ့ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC ၏  ဆွေးနွေး ညှိနှိုင်းမှုများတွင် ရလဒ်ကောင်းများတိုးတက် မှုရှိလာလျှင် နိုင်ငံရေးဆွေးနွေးပွဲများအပေါ် ယုံကြည်မှုများတိုး တက်မြင့်မား လာမည်ဖြစ် ပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေး စားပွဲဝိုင်းဆီသို့ ရောက်မလာနိုင်သေးသည့် ကျန်ရစ်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင် ရေးကို ပိုမိုစိတ်ဝင်စားလာနိုင်မည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိတို့ UPDJC ၏ အခန်းကဏ္ဍသည်  အထူးပင် အရေးကြီး သကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်လည်း ကြီးလေးပါကြောင်း။

ဒုတိယအချက်အနေဖြင့် ပြောကြားလို သည်မှာ ယနေ့ မိမိတို့ကြိုးပမ်းဆောင်ရွက် နေသည့်  အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တစ်ခုတည်း မဟုတ်သကဲ့သို့ ငြိမ်းချမ်းရေးတစ်ခု တည်းအတွက်လည်း  မဟုတ်ပါ ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး (Peace Building)၊ နိုင်ငံတည်ဆောက်ရေး (State Building)နှင့် ပြည်ထောင်စု တည်ဆောက် ရေး (Nation Building) လုပ်ငန်းစဉ်များ ပါဝင်စုစည်းနေသည့် ရေရှည်သဘော ဆောင်သော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မိမိတို့ ယနေ့ကြိုးပမ်းဖော်ဆောင်နေသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် သည် ရလဒ်သုညလုပ်ငန်းစဉ် မဟုတ်ပါကြောင်း၊ ဆွေးနွေးပွဲ စားပွဲဝိုင်းများတွင် ပါဝင်နေသော အစုအဖွဲ့များ အတွက် သက်သက်မဟုတ်ပါကြောင်း၊ ထို့ပြင် လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်နေကြသူများအတွက်လည်း မဟုတ်ပါကြောင်း။

ယနေ့ ကြိုးပမ်းဆောင်ရွက်နေသည့်  Peace Process သည် ပါဝင်သူအားလုံး အတွက်သာမက   ပြည်ထောင်စု တစ်ခုလုံး အတွက်ပါ မျှော်မှန်း ဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ အဖြေရှာဖွေ ကြရာတွင်လည်း သက်ဆိုင်သူများ အတွက် သာမက ပြည်ထောင်စုတစ်ခုလုံး နှင့်သက်ဆိုင်သည့် နိုင်ငံရေး ပြဿနာ များကို   အကောင်းမွန်ဆုံး ဖြေရှင်းချက်များရရှိလာအောင်    ဆွေးနွေးညှိနှိုင်းကြရခြင်း ဖြစ်ပါကြောင်း၊ ယနေ့အထိ ဖြစ်ပွား နေသည့်   လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး အတွက်လည်း  ထည့်သွင်းစဉ်းစားပြီး  ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက် နေကြရသည်မှာ လည်း ထူးခြားချက်ဟုဆိုနိုင်ပါကြောင်း။

့ UPDJC   ၏အလုပ်အဖွဲ့ဖြစ်သည့်  အတွင်းရေးမှူးများသည် UPDJC   က ဆုံးဖြတ်နိုင်ရန်အတွက်  ထိထိ ရောက် ရောက် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြခြင်းဖြစ်ပါကြောင်း၊ UPDJC  အဖွဲ့ဝင်များအနေဖြင့် ၂ဝ၁၆ ခုနှစ်မှစတင်၍့ UPDJC  အစည်းအဝေး (၁၄)ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင် လုံကို (၄)ကြိမ်အထိ ကျင်းပနိုင် တော့မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)နှင့်( ၂)တွင် အခြေခံမူ(၅၁)ချက်အထိ ချမှတ်နိုင်ခဲ့ပြီး   လာမည့် စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း (၃)ကိုချုပ် ဆိုနိုင်တော့မည်ဖြစ်ပါကြောင်း၊ ယနေ့ UPDJC အစည်းအဝေး၌ သဘော တူခဲ့ကြသည့်   ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း(၃)တွင် ဃြဗ အကောင် အထည်ဖော်မှု ဆိုင်ရာ   မူဘောင် သဘော တူညီချက်(၁၅)ချက်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု  တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ(၅)ချက် အပြင် ၂ဝ၂ဝ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့် လိုက်အကောင်အထည် ဖော်မှုဆိုင်ရာ ဇယား တစ်ခုတို့ပါဝင် လာမည်ဖြစ်ပါကြောင်း၊ ၂ဝ၂ဝ ရွေးကောက်ပွဲအလွန်တွင် မည်သည့်အစိုးရ  တက်လာ သည်ဖြစ်စေ    အဆင်သင့်ဖော် ဆောင်သွားနိုင်မည့် အဆင့်လိုက် လုပ်ငန်း စဉ်တစ်ရပ်ပေါ် ထွက်လာ ခြင်း သည် မိမိတို့ နိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ထူးခြား လေးနက်သည့် မှတ်တိုင် တစ်ခုအဖြစ် တည်ရှိနေတော့မည် ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအတွက် ယခုကဲ့သို့ ထူးခြားလေးနက်သည့ ရလဒ်ကောင်းများ ထွက်ပေါ် လာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများ၊ အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ UPDJC အဖွဲ့ဝင်များ နှင့်   အလုပ်အဖွဲ့မှ အတွင်းရေးမှူးများ အားလုံးကို ကျေးဇူးအထူး တင်ရှိကြောင်းကို အလေးအနက်ပြောကြား လိုပါကြောင်း၊  UPDJC  အဖွဲ့ဝင်များအားလုံး ကိုယ်ကျန်းမာ၊  စိတ်ချမ်းသာစွာဖြင့် ရှေ့ဆက်မည့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးခရီးတွင်  တက်ညီလက်ညီပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ကြရန် အလေးအနက် ဆန္ဒပြု လိုက်ပါကြောင်း ပြောကြားသည်။

ယနေ့အစည်းအဝေး မစတင်မီတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ အချိန် ကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC တွင် ငြိမ်းချမ်းရေးဦးဆောင်တစ်ဦး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ   ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာ တင်မျိုးဝင်း၊    ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊    ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ ဝင်းမြတ်အေးနှင့်  နိုင်သက်လွင်၊  ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊    ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ခွန်မောင်သောင်းနှင့် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့မှ   ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊  စဝ်စိုင်းငင်း၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ပဒိုစောတာ ဒိုမူး၊ ခွန်မြင့်ထွန်း၊ စောစိန်ဝင်း၊ စောကျော် ညွန့်၊ နိုင်အောင်မင်း၊ ကြာဆော်လမွန်၊ မိဆူး ပွင့်၊ ဆလိုင်းထလာဟေး၊ ဒေါက်တာစိုင်းဦး၊ ပဒိုမန်းငြိမ်းမောင်၊ စောစမစ်ဒွန်း၊ ခိုင်လင်း ခိုင်နှင့် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးသုဝေ၊ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွန့်၊ တာလှဖေ၊ ဦးသိန်းထွန်း၊ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာအောင်မြတ်ဦး၊ ဦးဦးလှစော၊ ခွန်ထွန်းရွှေ၊ ဦးဇမ်ဇမုန်၊ ဦးရွှေမင်း၊   ဒေါက်တာတူးဂျာ၊ နိုင်တလညီ၊ ဒေါ်ရင်ရင်မေနှင့် စောထွန်းအောင်မြင့်တို့အား ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်ရေးအတွက် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် နိုင်ငံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေး ဖော်ဆောင်သူများ ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်း လွှာများကို လက်ရောက် ပေးအပ်ကြောင်း  အခမ်းအနားမှူးမ ျားက ကြေညာခဲ့သည်။