လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ Covid-19 ရောဂါပိုးတွေ့ရှိမှု မရှိ

နေပြည်တော်၊ သြဂုတ် - ၁၈

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များအား Covid-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန် အတွက် ဓာတ်ခွဲ နမူနာများ ရယူပြီး နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ  Cobas 6800ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးလျက် ရှိကြောင်း သတင်းအား သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။

စစ်ဆေး တွေ့ရှိချက်များအရ အဆိုပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့တွင် Covid-19 ရောဂါပိုး တွေ့ရှိမှု မရှိ(မရှိ)ကြောင်း သတင်းရရှိသည်။