မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၉
    
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ရှိ မဟာနာယက နာယကဆရာတော်ကြီးများနှင့် ကျောင်းတိုက်ရှိ စာချ၊ စာသင်  သံဃာတော် များအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မာဓိပတိကျောင်းဆောင်၌ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်များဖြစ်သည့် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ နှင့် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာကာလင်္ကာရာဘိဝံသ အမှူး ပြုသောသံဃာတော် ၂၄ ပါးကို အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကျောင်းတိုက်ရှိ စာချ၊ စာသင်သံဃာတော် ၁၇၀၀ ပါးတို့ကို အာရုဏ်ဆွမ်းလောင်းလှူခဲ့ ကြောင်း သတင်းရရှိသည်။