ရေတံခွန်တွေဖြစ်ပေါ်လာပုံနဲ့ ကမ္ဘာ့အမြင့်ဆုံးရေတံခွန်အကြောင်း
ရေတံခွန်တွေဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လူအများစု နှစ်သက်ရာ၊ မြတ်နိုးရာ၊ ပျော်စံရာနေရာ တစ်ခုလို့ဆိုရင်မှားမယ်မထင်ပါဘူး။
လူတိုင်းလိုလို ရေတံခွန်တွေကို နှစ်သက်ကြပါတယ်။ ရေတံခွန်ရှိတဲ့နေရာကို ဘယ်လောက် ပင်ခရီးလမ်းကြမ်းပါစေ မရောက်ရောက်အောင်သွားလေ့ရှိပါတယ်။ ရေတံခွန်ဆီရောက်မှသာ စိတ်လက်ချမ်းသာစွာ အပန်းဖြေကြပါတယ်။
တစ်နည်းပြောရရင် ရေတံခွန်ဆိုတာ သဘာဝကပေးထားတဲ့ အလှပဆုံးနဲ့လူတွေ အနှစ်ခြိုက် ဆုံးလက်ဆောင်တစ်ခုလို့ တောင်ဆိုနိုင်ပါတယ်။