အီရန်အပေါ် စစ်လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှု သက်တမ်းတိုးရေးအဆို ပယ်ချခံလိုက်ရသည့် အမေရိကန်
ကမ္ဘာပေါ်၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် သီးခြားရပ်တည်ချက်အပြင် မဟာမိတ်ဒေါက်တိုင်အင်အားစုဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ထင်တိုင်းကြဲနိုင်ခဲ့သည့် အမေရိကန်တို့က ယခုတစ်ကြိမ်တွင် မဟာမိတ်တို့၏ ပစ်ပယ်ခြင်းကို ပထမဆုံးအကြိမ်ခံလိုက်ရပြီ ဖြစ်သည်။